part 5

11.8K 646 7
                                    

တစ်ပတ်ကြာပြီးနောက်

ရန်ဖြစ်ထားသည့်နေ့မှအခုထိ
အမွန်ဆိုင်လဲမရောက်ဖြစ်သလို
အန်တီ့ဆီလဲမသွားဖြစ်

ဘားလ်မှာတစ်ယောက်တည်းသောက်ရင်း
ဘေးနားမှ မြတ်ကိုပွတ်သပ်နေသည့်
မိန်းကလေးနှစ်ယောက်

: မင်းကသောက်နိုင်လိုက်ရန်ကော်

ဘယ်သူ့ကိုမှပေးမကိုင်ခိုင်းဘူးတဲ့
မြတ်ရဲ့ဆံပင်များကိုလာထိသည်မို့
မြတ်ဆက်ကနဲသူ့လက်ကိုဖယ်လိုက်ကာ
စိတ်ပျက်သလိုကြည့်သည့်မြတ်ကို
လန့်သွားကြသည့်နှစ်ယောက်ကထွက်သွားကြသည်

လင်းလက် : ဘယ်လိုလဲ

: နင်ထင်ချင်သလိုထင်

ခွက်ကိုဆက်ကနဲချလိုက်ကာ
ထအထွက် နောက်မှာရပ်နေသည့်
အန်တီ့ ကို တွေ့လိုက်သည်မို့
ထွက်သွားမည်ကိုမသွားသေးဘူး
အန်တီ့ကိုရပ်ကြည့်နေသည်

ကိုယ့်လက်မောင်းကိုပွတ်သပ်ရင်း
အန်တီ့ က မြတ်ကိုတော့ကြည့်မနေ
အမွန်နှင့်စကားပြောနေသည်

ဂါဝံအဖြူလေးပေါ်ကို cardican
အမဲလေးဝတ်ရင်း အမွန့်အနားမှာရပ်နေသည်

လင်းလက်:ငါ​တောင်းပန်ပါတယ်

အန်တီမှမျက်လုံးမခွာဘဲ

:ငါ့ကိုနင်ထင်ချင်သလိုထင်လို့ရတယ်
ဒါမဲ့အမွန်ရဲ့သိက္ခာကိုမစော်ကားမိစေနဲ့

: ငါသိပါတယ်
ဒါမဲ့အခုနင့်ကိုတောင်းပန်နေတာ

အိပ်ကပ်ထဲမှမီးခြစ်နှင့်​မီး​ငြှိကာ
စီးကရက်သောက်နေသည်

: ရတယ်.....တောင်းပန်စရာမလိုဘူး
ငါအမှားလဲပါတယ်

စီးကရက်အငွေ့များကိုမုတ်ထုတ်ကာ
အန်တီ့ကိုကြည့်နေသည်

အမွန့်အပြောကြောင့်
မြတ်ကိုလှည့်ကြည့်လာပြီး
မျက်မှောင်လေးကို
အလိုမကျသလိုကြုတ်သွားသည့် အန်တီ

အန်တီဘာဖြစ်သည်ကိုရိပ်မိသည့်ပုံဖြင့်
စီးကရက်မီးကိုလက်ဖြင့်ဖိခြေကာ
အိပ်ကပ်ထဲကိုဖွက်လိုက်သည်

လင်းလက်မှာလဲ မြတ်ရဲ့အပြုအမှုကြောင့်
ပြုံးသွားသလို

နွယ် : မင်း ဘာလုပ်နေတာလဲ

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now