part 2

12.9K 730 16
                                    

တီရှုပ်ခေါင်းစွတ်လေးနှင့်
ညအိပ်ဘောင်းဘီရှည်ကိုတွဲဝတ်ကာ
အိမ်အောက်ထပ်ပြန်ဆင်းလာခဲ့သည်

မီးဖိုချောင်ထဲမရောက်မှီကြားလိုက်ရသည်မှာတော့

ဖေဖေ : အဲ့ကားကိုသမီးခိုးလာတာတော့
မဟုတ်ဘူးမလား

:ဟိုးးးးးဟိုးးးးး မြတ်သော်ဇင် က ကားသူခိုးမဟုတ်ဘူး

:ဒါဖြင့် အဲ့ကားကဘယ်လိုရခဲ့တာလဲ

ဆံပင်ကိုဖြက်ကနဲခါလိုက်ရင်း

:ကားပြိုင်လို့နိုင်ခဲ့တာ ဖေဖေ ရဲ့
ဘယ်လိုလဲ ဖေဖေ သမီးတော်တော်တယ်မလား

: နင်တော့နော်
ရဲဖမ်းခံရပေါင်းလဲမနည်းတော့ဘူး
နောက်တစ်ခါ ကားပြိုင်တယ်ကြားရင်
ငါကိုယ်တိုင်နင့်ကိုရဲလက်အပ်မယ်

:အဖော်ခေါ်ခဲ့လို့ရလား ဖေဖေ
သမီးတစ်​ယောက်တည်းကျ
ပျင်းစရာကောင်းလွန်းတယ် ဖေဖေရယ်

:နင်တော့နော်.....ဟင်းဟင်းးးး

:ဒီတစ်ခါနောက်ဆုံးပါဖေဖေရယ်
နောက်တစ်ခါကားမပြိုင်တော့ဘူး

:အေးးးကတိတည်ရင်ပြီးတာဘဲ

:ဟီးကတိတည်ရင်ဘာပြန်ပေးမလဲ

ဖေဖေ : ယောကျာ်း ပေးမယ်

စပျစ်သီး ကိုစားရင်း
မျက်လုံးကိုမှေးစင်းကာ မြတ် ကို ကြည့်ရင်း
ပြောလာသည့် ဖေဖေ

:ဟာ........ဖေဖေရာ မဟုတ်သေးပါဘူး

: ဘာမဟုတ်တာလဲ

:ဖေဖေ က သမီးအကြောင်းလဲသိသားနဲ့
တွဲခဲ့တဲ့ ကောင်မလေးတွေကိုလဲ
ဖေဖေသိရဲ့နဲ့

: အဲ့တော့....

: ကျစ် ဖေဖေ လဲ သမီးကိုနားမလည်ပေးဘူးဘဲ

: ကဲ.....တော်ပါတော့
ဒီသားအဖ နှစ်ယောက်
နေ့လည်စာစားဖို့တောင်
အာရုံမလာကျတော့ဘူးလား

:ကိုယ်ကမင်းချက်တဲ့ဟင်းတွေအကုန်
အာရုံလာပါတယ်ကွာ

မြတ် :တတ်နိုင်တတ်နိုင်ပါ့....

မဲ့ရွဲ့ကာဆိုသည့်မြတ်ကိုကြည့်ပြီး
အော်ရယ်နေသည့်မိဘနှစ်ပါး

:ဖေဖေ ကြ မိန်းမယူတယ်
သမီးကျမယူနဲ့တဲ့ မဟုတ်သေးပါဘူး

: ငါနော်ခေါင်းခေါက်လိုက်ရ

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Où les histoires vivent. Découvrez maintenant