part 12

10.2K 623 5
                                    

မနက် ၈ နာရီလောက်တွင်

:မြတ်သော်ဇင် ထ ထ မြန်မြန်ထ

:ဟာ တီလေး ဘာတုန်းကွာ
အိပ်နေတာကို

: ထစမ်းပါဆို

: ပြော ပြော

အိပ်ချင်မူးတူးပုံဖြင့် ထ ထိုင်လိုက်ကာ

: ဒီမှာ ငါအပြင်သွားစရာရှိလို့
ကားပျက်သွားပြီ နင်လိုက်ပို့

: လိုက်ပို့ဘူး မနက်၃နာရီမှအိပ်တဲ့သူကို
မနှောင့်ယှက်ပါနဲ့

ပြောပြီးပြန်အိပ်လိုက်ကာ

: ထစမ်းပါဆိုနေဟာ

: ကျစ် ဘယ်သွားမလို့လဲ

: စျေး

: လာပြန်ပြီလား ဒီစျေး
ဒီ make up တွေပြင်ပြီး​တော့လား

​မြန်မာဆန်ဆန်ဝတ်စုံလေးဖြင့် အချိုးကျစွာ
မျက်ခုံးနက်နက်တို့က တီလေးရဲ့မျက်နှာမှာထင်းစွာ

:ဆုံးအောင် နားထောင်လေ
စျေးနား က သူငယ်ချင်းဆီ သွားမလို့

: ပြီးရော်ကွာ

စိတ်ညစ်စွာနဲ့ဘဲ လိုက်ပို့ရလေသည်

ပြန်ရောက်​တော့မှ တီလေး
တော်တော် ဒုက္ခပေးနေတာ

တီလေးကိုလိုက်ပို့ရင်း
ဘယ်သူ့အိမ်ရှေ့မှန်းမသိသဖြင့်
​မြတ်ဟိုကြည့်ဒီကြည့်ဖြင့်အိမ်ရှေ့မှာရပ်နေသည်

: ​ဟယ် ကြည်ဖြူ လာ
အယ် မြတ်ရော်

မြတ်လာသည်မို့ ပျော်သွားသည့်
သက်မွန်ရဲ့မျက်နှာကို လှမ်းမြင်လိုက်သည့်
မြတ်ကြည်ဖြူ မှာ အကြံဆိုးကြီးဖြင့်ပြုံးသွားကာ

: သူ့ကိုသိတယ်လား အတော်ဘဲ

: လာလေ မြတ်

အနေကျပ်နေသည့် မြတ် ကို
အတင်းဆွဲခေါ်သွားသည့် တီလေး ကို
ကြည့်လိုက်ကာ သက်ပြင်းချမိသည်

*ပြဿရှာပြန်ပြီ စိတ်လေတယ်

: အာ တီလေး မြတ်အလုပ်ရှိသေးတယ်

: ခဏလေးထိုင်တော့ ဘာဖြစ်မှာမို့လို့လဲ
အန်တီလေးနိုးပြီလား သက်

: နိုးလေရဲ့ ​စျေးမှာဘာသွားဝယ်မှန်းမသိပါဘူး
ကြည်ဖြူ ရယ်

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Kde žijí příběhy. Začni objevovat