Part *24*

20.2K 696 9
                                    

လက်ထပ်ပွဲအခမ်းအနားပြီးပြီ မို့
အိမ်သို့ပြန်လာကာနားနေကြသည်

ဆောင်းအကုန်နွေဦးစမို့ ဥဩလေးများပင်
ခြံဝင်းထဲရှိသစ်ပင်များမှာခိုနားရင်း
မြည်တွန်နေကြသည်

အေးအေးဆေးဆေးရှိလှပေသည်

ပြတင်းပေါက်မှ ခြံဝင်းထဲ သို့
ငေးကြည့်နေသည့်မြတ်

ခြံဝင်းကအနည်းငယ်ကျယ်ဝန်းသည်မို့
ငှက်သံတွေကြားနေရသည်
ခရေပင်ကြီးနှင့်
ပန်းပွင့်နေသည့် သစ်ခွပန်းပင်
တစ်ချို့ မှာတော့ အန်တီ့ စိတ်ကြိုက်ပင်
အများစုမှာပန်းပင်တွေသာများသည်

: မြတ် ရေ.....ဒီကိုခဏလာအုန်း ကွာ

ရေချိုးခန်းထဲမှ ခေါ်နေသည့်အန်တီကြောင့်

: အန်တီ ဘာဖြစ်လို့လဲ

: ဒီမှာတို့ဆံပင်နဲ့ဆွဲကြိုးနဲ့ ငြိနေပြီ ဖြည်ပေးအုန်း

ပုဝါ အဖြူ​လေးနှင့် ရင်လျှားထားသည်မို့
ပခုံးသားဖြူဖြူလေး က ကိုက်ချင်စရာ

အန်တီ့ပခုံးသားနုနု ကို လက်နှင့်ထိတွေ့မိတော့
အသားအရည်ကနူးညံ့လွန်းသည်

ဆွဲကြိုးကိုသေချာဖြုတ်ပေးလိုက်ကာ
အန်တီမှာတော့မှန်ထဲမှမြတ်ကိုကြည့်နေသည်

အန်တီ့လက်ထဲကိုဆွဲကြိုးထည့်ပေးလိုက်သည်
အန်တီခါးကိုဖက်လိုက်သည်

: ဘာလုပ်တာလဲ ဖယ်
တို့ရေချိုးတော့မလို့ အပြင်ထွက်

ခေါင်းခါပြကာ နွယ့် လည်ပင်း ကို
ခပ်ဖွဖွစုပ်နမ်းလာသည်

သူကိုတံတောင်နှင့်တွန်းထုတ်တော့လဲ
နွယ်လက်တွေအပေါ်မှထပ်ကိုင်ကာချုပ်ထားသည်

:မြတ် ဖယ်ကွာ ရေချိုးချင်နေပြီ
​နှောင့်ယှက်မနေနဲ့ ဖယ်တော့

: ပန်းပျိုးကြမလား အန်တီ

နွယ်ရင်လျှားထားသည့်ပုဝါလေးကို
အသာချွတ်လာသည်မို့

နွယ်ပုဝါကိုလှမ်းထိန်းကိုင်လိုက်သည်

:မြတ် တို့ စိတ်ဆိုးရမှာလား

နွယ့်လည်ပင်းမှာမျက်နှာအပ်ထားကာ
ခါးကိုဖက်ထားရင်းခေါင်းခါပြသည်

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now