part 9

12.5K 977 8
                                    

ရှက်နေသည့်နွယ့်ကိုကြည့်ရင်
ဗိုက်ကိုဖိရင်းရယ်နေသည့်မြတ်

နွယ့်အခန်းထဲဝင်လိုက်ချင်း
မြင်လိုက်ရသည် က ပေါင်လည်လောက်ရှည်သည့်
ညဝတ်အင်္ကျီတစ်ထည်တည်းနှင့်
braကိုပင်မြင်နေရသည်

: ဘာဖြစ်လို့လဲ အန်တီ!

နွယ့်အနားကိုအဲ့ပုံစံဖြင့်ကပ်လာကာ
အပြင်ပြန်ထွက်မည်လုပ်တော့
တံခါးကိုလှမ်းပိတ်ရင်းနွယ့်ရှေ့မှပိတ်ရပ်လိုက်သည်

:အခုကျတော့လဲ ယုန်သူငယ်လေး လိုပါဘဲလား
အန်တီရယ်

နွယ့်ခါးပေါ်ကိုလာရောက်လာသည့်လက်တစ်စုံက
မြန်မာဝတ်စုံခါးတိုလေးထဲသို့ဝင်ရောက်လာသည်

ခပ်နွေးနွေးလက်ချောင်းများကြောင့်
နွယ်နှလုံးခုန်သံတွေမြန်ဆန်လာကာ

သူ့ကိုခေါင်းမော့မကြည့်ရဲတော့သည်မို့
ခေါင်းငုံကာအံ့ကိုကြိတ်လိုက်မိသည်

: ကြောက်တတ်လိုက်ရန်ကော်

ဝင်ရောက်နေသည့်လက်ဖြင့်
နွယ့်ခါးကိုဖက်လာသည့် မြတ်

နွယ်ရဲ့ဖြန့်ချထားသည့်ဆံပင်များကိုသပ်ပေးရင်း

: ဘာမှမလုပ်ဘူးကြောက်မနေနဲ့
တကယ်တည်းမှ ယုန်လေးကြနေတာဘဲ

နွယ်နှုတ်ခမ်းပါးကိုလက်ဖြင့်အသာဖိလိုက်ကာ

: အန်တီ က မြတ်ကို ကြောက်နေတာလား

နွယ်သူ့ကိုမော့ကြည့်လိုက်ပြီး
မျက်လွှာချလိုက်ကာ
သူ့ကိုတွန်းလွှတ်လိုက်သည်

အရှိန်ဖြင့်နောက်ဆုတ်မသွားဘဲ
နွယ်လက်များကိုအပေါ်သို့မြှောက်တင်ကာ
ချုပ်လိုက်သည့်မြတ်

နွယ်မော့ကြည့်လိုက်တော့
နွယ့်နှုတ်ခမ်းကိုနမ်းရှိုက်မည့်ပုံဖြင့်

​မှေးစင်းသွားသည့်
အန်တီ့မျက်ခွံလေးပေါ်နမ်းရှိုက်လိုက်ကာ

နွယ့်ခေါင်းပေါ်ကိုပုဝါတင်ပေးလိုက်ရင်း

:မျက်နှာသုတ်ပေးအုန်း အန်တီ

နွယ့်မျက်လုံးများဖွင့်ကြည့်မိတော့
ကုတင်ပေါ်မှာတင်ပလင်ခွေထိုင်နေသည့်သူမ

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now