Part 7

11.8K 658 9
                                    

ခြံနောက်ဖက်မှာ
ပန်းပင်ရေလောင်းရင်းလှည့်အကြည့်
ဘယ်ကတည်းကဆိုင်ထဲရောက်နေမှန်းမသိ
နွယ့်နောက်မှာရပ်နေသည့်မြတ်က
နွယ့်ကိုဆွဲဖက်လိုက်သည်မို့
နွယ်သူ့ရင်ခွင်ထဲရောက်သွားရသည်

: အန်တီ!

: ဘယ်ကနေလာတာလဲ

လက်ကိုအသာဖြုတ်လိုက်ကာ
သူ့ကိုလှည့်ကြည့်လိုက်သည်

အပြင်ကပြန်လာသည့်ပုံနှင့်
မျက်မှန်လေးတပ်ထားသည့်မြတ်

နွယ့်ပခုံးပေါ်လက်နှစ်ဖက်လုံးတင်ထားပြီး

: အပြင်သွားထားတာ

:ဘယ်သွားတာလဲ

: အမျိုးသမီးတစ်ယောက်ဆီ

မြတ်ကိုမျက်မှောင်ကြုတ်ကာကြည့်ကာ
သူကပြုံးသည်

: မင်းကမဟုတ်သေးဘူး

မြတ်ရဲ့လက်တွေကိုဖြုတ်ကာ
ထွက်သွားမည်လုပ်သည်မို့

အန်တီ့ခါးကိုအားဖြင့်ဆွဲဖက်လိုက်သည်မို့
အရှိန်ဖြင့်မြတ်ရင်ခွင်ထဲရောက်လာသည်

နာသွားသည့်ပုံဖြင့်မျက်နှာကိုရှုံ့မဲ့လိုက်သည့်နွယ်
မျက်လုံးမှိတ်ထားပြီး ရှုံ့မဲ့နေသည်

​တစိမ့်စိမ့်ကြည့်ရင်း ချစ်နေရသူမို့
နှုတ်ခမ်းပါးကိုကြည့်မိလိုက်သည်နှင့်
ရုတ်တရပ်ဆန်လွန်းသည့်
အပြုအမူတစ်ခုကိုပြုလုပ်လိုက်မိသည်

အန်တီနှုတ်ခမ်းတွေကိုစုတ်နမ်းရင်း
အန်တီ့ရဲ့ဦးခေါင်းကိုထိန်းကိုင်ကာ
နှုတ်ခမ်းသားအပေါ်အောက်
တစ်လှည့်စီစုတ်နမ်းသည်

တစ်ချိန်လုံးမငြင်းဘဲ
အနမ်းခံနေသည့်အန်တီ့ကို
နံရံဘက်သို့ကျောကပ်လိုက်ကာ
အားပါပါစုတ်နမ်းလာသည်မို့
ထွက်ပေါ်လာသည့်အသံတစ်ချို့

တစ်ချက်လေးမှပြန်မတုန့်ပြန်သည်မို့
မြတ်မျက်လုံးဖွင့်အကြည့်
မြတ်ရဲ့မျက်လုံးများကိုကြည့်​သည့်နွယ်

မကြိုက်သည်ထင်ပြီး ရပ်မည်လုပ်တော့
မြတ်ကိုအန်တီနေရာသို့ပို့လိုက်ပြီး
မြတ်လက်များကိုနံရံမှာကပ်ကာချုုပ်ထားပြီး
မြတ်ကိုကြည့်လာသည်

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now