part 17

9.4K 602 8
                                    

နွယ်ဆိုင်ထဲတွင်

: မြတ်ကြည်ဖြူ နင့်အတ္တတွေကို
နင်အခုမထိန်းနိုင်သေးဘူးလား
နင်ဘာလို့အခုလိုလုပ်ရတာလဲ

: ငါ့အပြစ်တစ်ခုတည်းမဟုတ်ဘူး
ငါရဲ့အတ္တကမြတ်အပေါ်ကောင်းစေချင်လို့
နင့်နဲ့ပတ်သတ်မိလို့မြတ်အခုလိုတွေဖြစ်နေရတာ
နင်နဲ့သာမပတ်သတ်မိရင်
ငါလဲဒီလိုလုပ်စရာကိုမလိုဘူး

: နင်ငါနဲ့မြတ်ကိုမပတ်သတ်စေချင်ရင်တောင်
တစ်ခြားနည်းလမ်းတွေသုံးလို့ရသေးတာဘဲ
မဟုတ်ဘူးလား နင် သာ မြတ်ကို

ဆက်မပြောတော့ဘဲ ငြိမ်သွားသည်မို့
နှစ်ယောက်လုံးကိုယ်စီ တိတ်ဆိတ်သွားသည်

: အဲ့ဒါကငါ့အမှားပါ
အောင်ခန့်ပိုင်ကိုလူကောင်းလို့ထင်ခဲ့မိတယ်

:အခု ကလေး ဘယ်မှာလဲ

: ငါ ငါမသိဘူး
အစ်ကို က လုံးဝမပြောပြဘူး

နွယ်သက်ပြင်းချလိုက်ကာ

*မင်းအဆင်ပြေရဲ့လား ကလေးငယ်
မင်း ကို တို့စိတ်ဆိုးမိတာမှားသွားတယ်
တို့မင်းကိုဘယ်လိုရှာရတော့မလဲ

အပြင်ဘက်ကိုငေးကြည့်ကာ
ထိုကလေးငယ်အကြောင်းကိုစဥ်းစားနေမိသည်

*ဘာတွေဖြစ်သွားခဲ့တာလဲ
တို့မင်းအနားမှာရှိနေပေးခဲ့ရမှာ

: နေအုန်း နင့်အဖေ
သူ့ဆရာလို့ပြောတာကြားတယ်
နင့်အဖေ သိလောက်မလား
နင်အဖေပြန်ရောက်နေတာ ကြာပြီလေ

နွယ်မျက်ခုံးပင့်တတ်သွားကာ

: ဟုတ်တယ် သေချာတယ်
ဖေဖေသိမှာ

အရေးတကြီးအိမ်ပြန်သွားသည်

မင်းရှိတဲ့နေရာ ကို အန်တီရောက်အောင်
လာတွေ့မယ် ကလေးငယ်

~~~~~~~~~~~~~~~~~~~~~~
အိမ်၏ဧည့်ခန်းထဲမှာ
သတင်းစာဖတ်နေသည့်
ဖေဖေအနားသို့သွားလိုက်ကာ

: ဖေဖေ သမီးမေးစရာရှိလို့

: မေးလေ ဘာတုန်း သမီး

: မြတ်ဘယ်မှာလဲ ဖေဖေ

သတင်းစာကိုပိတ်လိုက်ကာ
မော့ကြည့်လာပြီး

: သမီး ကို ဖေဖေပြောမယ်
သမီး ကို သူအဆင်သင့်ဖြစ်တဲ့
အချိန်ကြရင်လာတွေ့ပါလိမ့်မယ်

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now