Part 22

11.7K 642 14
                                    

မနက်ခင်းမိုးလင်းတော့လဲ
မြတ်ကိုဖက်ထားတာ မလွတ်ဘဲ
ရင်ခွင်ထဲမှာအိပ်စက်နေသည်

နဖူးလေးကိုနမ်းတော့
ကိုယ်ငွေ့ငွေ့လေးပူနေသလို

*ဪ အန်တီရယ်
နမ်းရုံအဆင့်လောက်နဲ့တောင်
ဖျားသွားရတယ်လို့ တကယ်ပါဘဲ

: အန်တီ

ပါးပြင်ကိုပွတ်သပ်ကာ နိုးတော့
မျက်ခွံလေးတဖြည်းဖြည်းဖွင့်ကြည့်လာသည်

မြတ် : ဖျားနေပြီ ဘယ်လိုလုပ်မလဲ

နဖူးပေါ်ကျရောက်နေသည့်
ဆံနွယ်တစ်ချို့ကိုသပ်တင်ပေးလိုက်ကာ

မြတ်: ဒါတောင် နမ်းရုံလောက်ရှိသေးတာ
အဆုံးထိများလုပ်လိုက်ရင်
သတိမေ့သွားလောက်မလားဘဲ အန်တီရယ်

နွယ်မျက်နှာမှာရှက်လာသလိုဖြစ်သွားသည်မို့
မြတ်ကရယ်သည်

:ဘာလေးမှန်းမသိဘူးကွာ
အခုဘယ်လိုလုပ်မလဲဖျားနေပြီ
ကုတင်ပေါ်ခဏနေအုန်းနော်
မနက်စာလုပ်ပေးမယ် ဟုတ်ပြီလား

:အင်း

အန်တီနှုတ်ခမ်းပါးကိုနမ်းမည်လုပ်တော့
​ရှောင်သွားသည်

နွယ် :အဖျားကူးလိမ့်မယ်

:ကူးပါစေ အန်တီဆီ က
ဖြစ်တည်လာသမျှ အကုန်လိုလားတယ်

: အပိုတွေ

မြတ်စကားကြောင့်မျက်နှာလွဲသွားကာ
ကြိတ်ပြုံးနေသည့်အန်တီကို အူယားစွာ
နှုတ်ခမ်းပါးကိုနမ်းလိုက်သည်

: ကုတင်ပေါ်မှာခဏနေအုန်းနော်

​ခေါင်းငြိမ့်ပြသည်မို့ နဖူးပြင်ကို
အသာ သပ်တင်ပေးလိုက်ကာ
ခပ်ဖွဖွနမ်းလိုက်သည်

. . . . . . . . . . . . . .

တစ်နေ့လုံးဖျားနေသည့်နွယ့်ကို
ခဏ​လေး​တောင် အောက်မချပေးဘဲ
ဖက်ထားသည်

မနက်နိုးတည်း က မျက်နှာကိုလဲ
သူကိုယ်တိုင်သစ်ပေးသည်

​ဆေးလဲသူကိုယ်တိုင်တိုက်သည်
ဟင်းချက်တတ်သည်ဆိုပြီး
တစ်ခါမှမီးဖိုချောင်မဝင်သည့် သူက
နွယ့်ကိုမနက်စာတောင်ပြင်ပေးသေးသည်

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now