Part 23

10.9K 585 5
                                    

အိမ်ရှေ့မှာထိုင်နေသည့်ဆရာနှင့်
နှစ်ယောက်တည်းစကားပြောနေသည့်မြတ်

: ဆရာ မြတ် အန်တီ ကို တကယ်
လက်ထပ်ချင်တာပါ

:ဆရာ က ​အဲ့လောက်တော့
​ရှေးမကျပင်မဲ့ ဆရာသဘောတူရင်တောင်
ကိုသော်ဇင် က ရော် ဘယ်လိုတုန်း

: ဖေကြီးကတော့ ကန့်ကွက်မှာ မဟုတ်ပါဘူး

: ကဲ အဲ့ဆိုလဲ သမီးတို့ သဘောဘဲ
ဆရာတော့ကန့်ကွက်ဖို့အကြောင်းမရှိပါဘူး
အဓိက က သမီး တို့ အဆင်ပြေဖို့ဘဲ

: ဟီး ကျေးဇူးပါ ဆရာ

အိမ်ထဲကချောင်းကြည့်နေသည့်
အန်တီ ကို မျက်လုံးတစ်ဖတ်မှိတ်ပြလိုက်ကာ

: ဆရာ အဲ့ဆို မြတ် ဖေကြီးဆီခဏသွားချင်လို့
အန်တီ့ကိုခေါ်သွားလို့ရမလား

: အင်းအင်း ခေါ်သွား ခေါ်သွား

ဆေးပေါ့လိပ်ကိုနှုတ်ခမ်းမှာကိုက်ကာပြောသည်မို့
အသံကတော့မပြီပြင်လှ

အိမ်ထဲကထွက်လာသည့် အန်တီ ကို
ခဏစောင့်နေကာ

: ဖေဖေ နွယ်သွားအုန်းမယ်နော်

အန်တီ့ကိုမော့ကြည့်လာပြီးပြုံးကာ
ခေါင်းကိုငြိမ့်သည်

~~~~~~~~~~~~~~~~~~

အိမ်ရှေ့ရောက်သည်နှင့်မဝင်သေးဘဲ
ကားရပ်လိုက်ကာ

နွယ် : ဘာလုပ်တာလဲ အိမ်ထဲဝင်လေ

: အန်တီ လက်ထပ်ပြီးပြီချင်း
ဟိုမှကလေးယူကြမလား

နွယ်ကိုမေးထောက်ကာငေးကြည့်ရင်းပြောသည်မို့
မြတ်နဖူးကိုလက်ညိုးလေးဖြင့်အသာတွန်းလိုက်ကာ

: အရင်ဆုံး အိမ် ထဲ အရင်ဝင်ပါအုန်း မြတ်ရယ်

မြတ် : ကတိပေး

: မင်းဘယ်လိုဖြစ်တုန်း

:ကတိပေးကွာ ကတိပေး!

: ပေးတယ် ပေးတယ် ဟုတ်ပြီလား
အိမ်ထဲမှာဦးလေးစောင့်နေတယ်
ဘယ်လိုဖြစ်နေတုန်း

: မသိဘူး အန်တီပြောတာနော်
လက်ထပ်ပြီးပြီချင်း အဲ့ကိုသွားမှာနော်

:သဘော သဘော

မြတ်ကကျေနပ်သလိုပြုံးကာ
နွယ်ကိုအတင်းနမ်းလာသည်
ကျောပြင်နှင့်ကားတံခါးမှာကပ်သွားကာ
မြတ်ကိုအတင်းတွန်းထုတ်လိုက်သည်

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now