part 6

11.5K 643 7
                                    

နွယ့်ကိုပြန်လိုက်ပို့ရင်း
နွယ့်ဖေဖေကိုလေဆိပ်မှာ
ထိုအနှီးပေါက်စနှင့်သွားကြိုကြသည်

တစ်နှစ်ကို၄ခါ၅ခါလောက်
အိမ်ပြန်လာတတ်ပင်မဲ့
ဖေဖေ မှာ ​နွယ်နှင့်ပင်အနေနီးသည်

လေဆိပ်မှာစောင့်နေသည့်များမကြာမီ
​လက်ဆွဲအိတ်တစ်လုံးဖြင့်ထွက်လာသည့်ဖေဖေ

: ပြန်လာပြီလား ဖေဖေ
မေမေ က အိမ်မှာစောင့်နေတာသိလား

ဖေဖေလက်မောင်းကိုအားဖြင့်
ညစ်ကာတွယ်ဖက်လိုက်သည်

:ဆရာ!

:ဘယ်လိုဖြစ်ပြီး သမီးကဒီရောက်နေရတာလဲ
australia မှာမဟုတ်ဘူးလား

: ဟီး><

နွယ့်ကိုကြည့်လိုက်
ဖေဖေကိုကြည့်လိုက်ဖြင့် တစ်ခုခုကိုပြောချင်သည့်ပုံ

:အဲ့ဒါက မြတ် အလုပ်ထွက်ပြီး
ဒီပြန်နေရာက်နေတာ

:နှမြောတော့နှမြောစရာကွယ်
တော်ရုံနဲ့ တက္ကသိုလ်မှာစာပြရတာ
လွယ်တာမှမဟုတ်တာ
အဲ့ကလစာလဲကောင်းတယ်မဟုတ်လား

: ဝင်ငွေတော့ကောင်းပါတယ် ဟီး><
ဒါမဲ့မြတ်ဒီကိုပြန်လာချင်လို့ထွက်လို့တာ

:အခုဘာတွေလုပ်နေတုန်း

: နေကြပါအုန်း
ဖေဖေနဲ့သူကဘယ်လိုသိနေတာလဲ

:ဘယ်လိုသိရမလဲ သမီးရယ်
မြတ်သော်ဇင်ဆိုတာစံဘဲကို
သူကဆရာမကြီး

:ဟာ ဆရာ မဟုတ်တာ
မြတ် က ဆရာ့တပည့်ပါ

: ကဲပါ ကားပေါ်မှပြောတော့
နေမြှင့်နေပြီ

လမ်းတစ်လျှောက်လုံးမြတ်နှင့်
စကားအပြန်အလှန်ပြောနေသည့် ဖေဖေကြောင့်
နွယ်နားကြားမျဥ်းများကပ်လာလေပြီ

:အခုရော်.....ဘာလုပ်နေတုန်း

: မြတ် အခု software ပိုင်းမှာ
အလုပ်လုပ်ဖြစ်တယ် ဆရာ ဝင်ငွေလဲမဆိုးဘူး
အပြင်လဲထွက်စရာမလိုဘူးလေ ဟီး><

:အဲ့ဒီအလုပ်လဲမဆိုးဘူး

:ကဲ တော်ပြီ
နွယ်လဲလူလေ ဒီတစ်ယောက်လုံးရှိနေတာ
ဖေဖေတို့ကြည့် စကားပြောနေတယ်
နွယ် က ဖေဖေ့ ကိုလာကြိုတာလေ
ဖေဖေကနွယ့်ကိုပြစ်ထားပြီးရင်းပြစ်ထားနေတာ

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now