Part 26

13.5K 590 14
                                    

ဟိုမှာ ၁လလောက်နေကာ
ဆေးပညာအကူအညီနှင့် ကိုယ်ဝန်သန္ဓေအောင်ပြီး
အခုဆိုလပင်အတော်ရင့်လာလေပြီ

ကိုယ်ဝန်စရှိတည်းကအန်တီ့ကို
အမားကအိမ်မှာဘဲလာနေဟုခေါ်သည်မို့
အန်တီ့အိမ်မှာဘဲနေဖြစ်သည်

ဆရာမှာတော့အိမ်ပင်မကပ်ဟိုကူးဒီကူးဖြင့်သာ

ကုမ္ပဏီကိစ္စလုပ်လိုက် အန်တီ့ဆိုင်မှာ
ထိုင်ပေးလိုက်ဖြင့်အလုပ်ရှုပ်နေသည့် မြတ်မှာ
အခုလဲအန်တီဆိုင်မှာလိုအပ်တဲ့
ပစ္စည်းတွေ ကို နေရာချရင်း
အလုပ်ရှုပ်နေသည်

ဖုန်းဝင်လာသည်မို့ ကိုင်လိုက်ကာ

:ပြော အန်တီ

: အခုချက်ချင်းအိမ်ပြန်ခဲ့

: ဟမ် အန်တီဘာဖြစ်လို့လဲ

: ပြန်လာဆို ပြန်လာကွာ
ဪ ဪ ပြီးတော့ ပန်းသီးတွေဝယ်ခဲ့နော်
ပျားရည်ရယ် သရက်သီးရယ်
ပြီးတော့ အရက်ဆိုဒ်ကြီးတစ်ပုလင်းရယ်နော်

: အရက် ဟုတ်လား အရက် က ဘာလုပ်မလို့လဲ

: မင်းဝယ်ပေးမှာလားမဝယ်ပေးဘူးလား
တို့ဘာသာအပြင်ထွက်ဝယ်လိုက်ရမလား
အပြင်ထွက်ချင်တာနဲ့အတော်ဘဲ

:နေ နေ ဝယ်ခဲ့ပါမယ်
ညနေမှတူတူလမ်းလိုက်လျှောက်ပေးမယ်လေ
အခုတော့​ငြိမ်​ငြိမ်လေးနေပါအုန်း

: ပြီးတာဘဲ ဪ ချက်ချင်းပြန်လာခဲ့နော်
အဲ့ဒါတွေလဲဝယ်ခဲ့

: အင်းပါ အခုပြန်လာပြီ

ဆိုင်ကိုမန်နေဂျာနဲ့လွှဲခဲ့ကာ
ချက်ချင်းပြန်သွားသည့်မြတ်

အိမ်ထဲသို့အထုတ်အပိုးတွေနှင့်ဝင်လာကာ

: ဟယ် သမီးဘာတွေတုန်း

ဟင်းချက်ရင်းပြောသည့်အမားနှင့်
စကားအပြန်အလှန်ပြောရင်း

: မသိပါဘူးအမားရယ်
ပန်းသီးနဲ့သရက်သီးတော့ပါတယ်
အန်တီကဘာတွေဝယ်ခိုင်းတယ်မသိပါဘူး

ဧည့်ခန်းထဲမှာထိုင်နေသည့်
အန်တီဆီကိုသွားလိုက်ကာ

: ဘယ်မှာလဲ မဝယ်ခဲ့ဘူးလား
သွား ပြန်ဝယ်ပေးကွာ

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now