part 18

10.1K 735 4
                                    

: ထနော် အင်္ကျီတွေစိုနေတယ်

နွယ်ရဲ့လက်ကိုချက်ချင်းဆွဲမကိုင်လာဘဲ
ကြည့်နေကာပြီးမှစိတ်ငြိမ်သွားသလိုဖြင့်
လက်ကိုအသာကိုင်လာပြီး မတ်တပ်ရပ်လာသည်

: အင်္ကျီလဲရအောင်နော်
နေမကောင်းပြန်ဖြစ်လိမ့်မယ်

ကုတင်ပေါ်တွင်ထိုင်ခိုင်းကာ
သူမအဝတ်အစားတွေကိုရွေးယူပေးရင်း
နွယ့်ကိုလိုက်ကြည့်နေကာ
ကုတင်ပေါ်မှာကျုံကျုံလေးထိုင်နေသည်

နွယ်သူ့မကိုလှည့်ကြည့်လိုက်ကာ
သူမဆီသို့အဝတ်တစ်စုံကိုကမ်းပေးလိုက်တော့

: မကြိုက်ဘူး!

ထိုအင်္ကျီကိုမယူဘဲ
ကိုင်ထားသည့်နွယ်လက်ကိုတွန်းသည်

အန်တီ : ဘယ်ဟာဝတ်ချင်တာလဲ

မျက်မှောင်ကြုတ်ထားပြီး

: ဟိုဟာ

အဖြူရောင်ညအိတ်ဝတ်စုံကို
လက်ညိုးထိုးပြသည်မို့ ယူပေးတော့

လက်ထဲကဆွဲယူသွားကာ
ရေချိုးခန်းထဲဝင်သွားသည်

သူမ ရဲ့ အခန်းကို ပတ်ကြည့်မိတော့
စက်ပစ္စည်းတစ်ချို့ နှင့် ကွန်ပျူတာများ
ပြတင်းပေါက်မှာလဲသစ်ခွပန်းအိုးများ
အေးအေးဆေးဆေးနေတတ်သည့်
အကျင့်ရှိသည်ကိုအခန်းကို
ကြည့်ရင်းဖြင့်တွေ့နိုင်သည်

အပြင်ဘက်ကိုလှမ်းကြည့်တော့
အေးအေးချမ်းချမ်းတည်ရှိနေသည့်ပတ်ဝန်းကျင်
ပြတင်းပေါက်ကိုလဲဖွင့်ထားကာ
အပေါ်နားမှာငှက်အိမ်လေးတွေ
ချိတ်ဆွဲပေးထားသည်
သစ်ခွပန်းပင်တွေကိုနှင့်

အပြင်ဘက်ကိုငေးကြည့်ရင်း

အဝတ်အစားလဲပြီးထွက်လာသည့် မြတ် ကိုမမြင်ဘဲ
ပတ်ဝန်းကျင်ကိုပတ်ကြည့်နေသည့် နွယ်

ကုတင်ပေါ်မှာထိုင်လိုက်သည့်အသံကြောင့်
လှည့်ကြည့်လိုက်ကာ

နွယ် : ဘယ်လိုနေသေးလဲ

: အဆင်ပြေပါတယ်

နွယ်သူမအနားသို့လာကာ
သူမဘေးသို့ထိုင်လိုက်ရင်း
သူ့မဆံပင်တွေကိုသုတ်နေသည့်ပုဝါကိုယူကာ
သူ့မရဲ့ ရေစို​နေသည့်
ဆံပင်ရှည်တွေကိုခပ်ဖွဖွသုတ်ပေးရင်း

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now