Frangi's Note

206K 6.9K 441
                                    

UNICODE

မင်္ဂလာပါကွယ်။ တစ်ခေါက်တစ်ခါ အသွဲ့တို့ဖြင့် ပြန်လည် ဆုံတွေ့ကြပြန်ပေါ့။ စောင့်မျှော်နေကြသူတွေ အတွက် နှစ်ချို့ဝိုင် ပုလင်းရဲ့ အဖုံးကို စတင် ဖွင့်လှစ်ပေးလိုက်ပါပြီ။ ရနံ့ထုံပါစေ။ ရီဝေရှတစွာ ငြိတွယ်ကြပါစေ။

ဒီနှစ်ချို့ဝိုင်ကို သောက်သုံးခွင့် ရမဲ့ လူက ဘယ်သူ ဖြစ်လာမှာလဲ၊ အချစ်ရှုံးသမားကြီးရဲ့ အတိတ်တွေကို ဘယ်သူက ကုစားပေးမှာလဲ၊ ဘယ်သူက ပွေ့ဖက်ပေးမှာလဲ ဆိုတာ အသွဲ့နဲ့အတူ ရင်ခုန်ကြည့်ကြရအောင်နော်။

မောင့်ဗီဇထဲက ခွဲထွက်လာတဲ့ ဇာတ်အိမ်တစ်ခု ဖြစ်ပေမဲ့ စန္ဒြကန်လေးနဲ့ ဆိုတာ မဟုတ်ရပါဘူး။ တွဲဖက် မစားကောင်းတဲ့ အသီးတွေမို့ မီးတွေ ပွင့်ကုန်၊ လျှပ်စီးတွေ လက်ကုန်ပါလိမ့်မယ်။ :D

စန္ဒြကန်ဆိုတဲ့ ငဂျစ်လေးက ဦးလက်ယာတို့ ဇာတ်လမ်းပြီးမှ နည်းပညာတက္ကသိုလ် နောက်ခံ အချစ်ဇာတ်လမ်းကလေး အဖြစ် ထွက်ရှိလာပါလိမ့်မယ်။ ဒီအတွက် Main Plot ဟာ ရှိထားပြီးသားပါ။ အားလုံးက အထင်မှား တွဲဖက်ပေးနေကြလို့ ကြိုတင် ပြောပြရခြင်း ဖြစ်ပါတယ်။ စောင့်မျှော်ပေးကြမယ်လို့လဲ ယုံကြည်လျက်ပါ။

အခု ရေးမဲ့ ဇာတ်လမ်းလေးကလဲ အသွဲ့ပုံစံအတိုင်း အပြောစကားပြေနဲ့ ရေးမယ်။ ခပ်ငြိမ်ငြိမ်လေး သွားဖို့ပဲ များပါတယ်။ အေးတာ မကြိုက်တတ်ရင် ဖတ်ရတာ အဆင်ပြေမယ် မထင်ပါဘူး။ စောင့်ရတာ မကြိုက်ရင်လဲ အားလုံးပြီးသွားမှ ဖတ်ဖို့ အကြံပြုပါရစေ။ On Going လိုက်ပေးမယ် ဆိုရင်ဖြင့် အသွဲ့က ကျေးဇူးတင်မိတော့မှာ။

ပါဝင်လာမဲ့ ဝေါဟာရတွေကလဲ ထုံးစံအတိုင်း လူလတ်ပိုင်း စာဖတ်သူတွေအတွက် ပိုအဆင်ပြေပါလိမ့်မယ်။ ဒီအထဲမှာ ရေးသားထားသမျှ ပညာရပ်ဆိုင်ရာတွေ အနေနဲ့ (ဉပမာ ကုထုံးခံယူခြင်း) အပြင်ဘက်နဲ့ ကွဲလွဲခဲ့သည် ရှိသော် နားလည်ပေးကြမယ်လို့ အသွဲ့ဖြင့် မျှော်လင့်လျက်ပါရှင်။

ရေးသားထားသမျှဟာ အသွဲ့ရဲ့ စာတွေ့နဲ့ ကြားဖူး၊ မြင်ဖူးတာတွေက တစ်ဆင့် စိတ်ကူးဉာဏ် ကွန့်ထားခြင်းသာ ဖြစ်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိပါးစေလိုခြင်း စိတ်မှာ အလျင်းကင်းပါတယ်ရှင်။ စိတ်ကူးယဉ် အချစ်ဝထ္ထုတစ်ပုဒ်မို့ နားလည်ပေးကြမယ် ထင်ပါရဲ့ရှင်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now