အခန်း - ၃၈

40.9K 4.8K 4.6K
                                    

UNICODE

ကြားနေရတဲ့ အသံတွေက အိပ်မက်လိုလို တကယ်လိုလိုမို့ ဟိုဒီလူးလွန့်ရင်း နိုးလာတော့ ဟိုတယ် ကုတင်ပေါ်မှာ မဟုတ်။ မူးနောက်နေဆဲ ဆိုပေမဲ့ ရီဝေမှု မရှိတာက အိပ်ရေးဝသွားလို့လား။ အကြောဆန့်ဖို့ မျက်နှာမော့လိုက်ချိန် မြင်လိုက်ရတဲ့ မြင်ကွင်းက နှလုံးသားကို ဆုပ်ညှစ်ခံရသလို၊ လူတစ်ကိုယ်လုံး မိုက်ခနဲ။

*ဘုရားရေ... ဘေဘီ့ကို တစ်စုံတစ်ယောက်က အနိုင်ကျင့်နေတာ။

ကျောပြင်ပဲ မြင်ရတဲ့ အဲ့ဒီလူက ဘေဘီ့ကျောကုန်းကို အောက်စိုက်မတတ် ဖိတွန်းထားပြီး အဲ့ဒီလူ လက်ထဲမှာ ဘေဘီက မချိမဆန့် ရုန်းကန်နေရတာ။ ဒီဖြစ်ရပ်ကို ဘယ်သူမှ ဝင်မတားဘူးလား ဆိုပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်တဲ့အခါ ဝင်မဆွဲဘဲ ရယ်နေတဲ့ လူတစ်ယောက်ကို မြင်ရချိန်မှာ ဆောက်တည်နိုင်စွမ်းမဲ့သလို ဒေါသတွေ တဝုန်းဝုန်း ပေါက်ကွဲလာတယ်။

လူတစ်ယောက်လုံး အနှိပ်စက်ခံနေရတာကို ဒီလူက ပျော်နေသတဲ့လား။ တစ်ပါးသူရဲ့ နာကျင်မှုကို ကြည့်ပြီး သာယာတတ်တဲ့ စိတ်ရောဂါသည်လား။ လက်ကျန် ယမကာတန်ခိုးရယ်၊ ဒေါသစိတ်ရယ် ပေါင်းစပ်သွားတဲ့အခါ ခေါင်းတစ်ခုလုံး ချာချာလည်လာပြီး လက်သီး တင်းတင်းဆုပ်လိုက်မိတယ်။

အံကြိတ်ပြီး စိုက်ကြည့်လိုက်တဲ့အခါ တစ်စုံတစ်ရာကို ခပ်ရေးရေး နားလည်လာသလို။

မဟုတ်မှ ဒီလူက... ဒီလူက...။

ပြန်တွေးကြည့်မှ ဟုတ်နေတာပဲ။ လမ်းမပေါ်မှာ မူးမူးနဲ့ ဆောလ် ဝင်တိုက်ခဲ့တဲ့ လူက အခု ရယ်နေတဲ့လူပဲ။ မျက်နှာကို သေချာ မမြင်လိုက်ပေမဲ့ အဝတ်အစားကို မှတ်မိနေတာမို့ ဒီလူမှ ဒီလူအစစ်။ ဒါဆို ဘေဘီ့ကို နှိပ်စက်နေတဲ့ လူက ဒီလူ့ရဲ့ ချစ်သူလား။ သူ့ချစ်သူကို ဝင်တိုက်သွားတဲ့ ဆောလ်ကို မကျေနပ်လို့ ဘေဘီနဲ့ ရန်ဖြစ်ကြတာလား။ နှစ်ယောက်တစ်ယောက် ချကြရင်း ဘေဘီက အဲ့ဒီလူ လက်ထဲမှာ မချိမဆန့် ခံနေရတာလား။

အတွေးတွေ ချိတ်ဆက်မိလေသမျှ ဒေါသဒီဂရီ မြင့်တက်လာတယ်။ ဒါမျိုးတော့ နည်းနည်းမှ သည်းမခံနိုင်။ သူတို့ပဲ နှစ်ယောက်ရှိတာမို့လို့လား။ ဘေဘီ့မှာ ဆောလ်တစ်ယောက်လုံး ရှိနေတာပဲ။ ဘေဘီ့ကို ဆောလ် ကယ်ရမှာပေါ့။ နှလုံးသားက တဆတ်ဆတ် တုန်လာပြီးနောက်...

"Take Me Home Where I Belong" (Completed)Where stories live. Discover now