အပိုင်း - ၇

41.3K 5K 2.6K
                                    

UNICODE

မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ ခေါင်းတစ်ခုလုံး ထိုးကိုက်လာတာမို့ မျက်ခုံးတန်း နှစ်ခုကြားက လှိုင်းတွန့်နေရာလေးကို လက်နဲ့ အသာဖိရင်း ရှုံ့တွနေမိတယ်။ ပြတင်းဆီက မနက်ခင်း နေရောင်ခြည်က မျက်နှာပေါ် ဖြာကျနေတာမို့ မိုးလင်းပြီမှန်း သိပေမဲ့ အချိန်ဘယ်လောက် ရှိပြီလဲ မခန့်မှန်းနိုင်။

သူ့တစ်ကိုယ်လုံး စောင်ပုံထဲမှာ နစ်မြုပ်နေပြီး ကမ္ဘာပေါ်မှာ ရှိသမျှ ဂွမ်းစောင်အားလုံး သူ့အပေါ် ရောက်နေသလိုလို။ ရင်ဘတ်ပေါ်က စောင်ထူထူကို ကိုင်ကြည့်တော့ သူ့ဟာ မဟုတ်။ သူ့ဘဝမှာ ခေါင်းအုံးတစ်လုံး စောင်တစ်ထည်တောင် မဖြစ်မနေမို့ ဝယ်ထားခဲ့တာ။ ဒါတွေက ဘယ်သူ့ဟာလဲ။

သေချာကိုင်ကြည့်မှ ကြောင်နဲ့ကြွက် အရုပ်ပါတဲ့ စပ်ဖြဲဖြဲ ဂွမ်းစောင်က သူ့ကို ပြောင်ပြနေသလို။ လက်သီးလက်မောင်း တန်းပြီး သူ့ကို ထိုးမယ်ဟန် တကဲကဲ ပြုနေတဲ့ ကြောင်အရုပ်ရဲ့ နဖူးကို လက်သီးနဲ့ ထုချလိုက်မိတယ်။ စောစောစီးစီး ဒီကြောင်နဲ့ ရန်ဖြစ်ရပြန်ပြီ။

ခေါင်းကို တဗြင်းဗြင်းကုတ်၊ အတွေးကို မနေ့ညဆီ ပြန်ခေါ်လိုက်တော့ ည ၉ နာရီလောက်ကတည်းက ဧည့်ခန်းထဲမှာ သူ မူးနေခဲ့တာ။ အခါခါတိုင်း မူးသွားတဲ့အခါ တွေ့တဲ့နေရာမှာ ပစ်စလက်ခတ် ထိုးအိပ်တတ်တဲ့ ကောင်က မနက်လင်းတော့ အိပ်ခန်းထဲက စောင်ပုံထဲ ကျကျနန ရောက်နေတာ မထူးဆန်းဘူးလား။ အဲ့တာထက် ပိုထူးဆန်းတာက သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တာပဲ။ တစ်ခါလေးတောင် ပြန်လန့်မနိုးဘဲ တကယ်ကို အိပ်မောကျခဲ့တာ။

တစ်စုံတစ်ရာကို တွေးမိတဲ့အခါ သူ့ နှုတ်ခမ်းတွေ ပြုံးယောင်သန်းသွားတယ်။ ထုံးစံအတိုင်း ညတုန်းက ညီမလေး ပျောက်ကွယ်သွားတာနဲ့ မာန် ရောက်လာခဲ့တာပဲ။ မတူတာက ခါတိုင်းလို အေးစက်စက်ည ဖြစ်မနေဘဲ သူ့တစ်ကိုယ်လုံး နွေးနေတာ။ မာန့်ကို သူ ဖက်ခွင့် ရခဲ့တယ်လေ။

ခွဲသွားပြီးကတည်းက အိပ်မက်ထဲမှာ ပြန်ဆုံကြတိုင်း ဘယ်တုန်းကမှ ရင်ခွင်အပြည့် ပွေ့ဖက်ခွင့် မသာခဲ့တဲ့ မာန့်ကို ရင်ခွင်ထဲမှာ စုံးစုံးမြုပ်မတတ် မနေ့ညက တင်းနေအောင် ဖက်ခဲ့ရတယ်။ မာန့်ကိုယ်လေးက ဟိုးတုန်းကအတိုင်း နွေးနေဆဲ။ မာန့်ကိုယ်သင်းရနံ့ကလေးက ဟိုးတုန်းကလို မွှေးနေဆဲ။ မာန့်လက်ဖဝါးလေးက ဟိုတုန်းကလို နူးနူးညံ့ညံ့ကလေး ရှိနေဆဲ။

"Take Me Home Where I Belong" (Completed)Where stories live. Discover now