UNICODE
"အာ... လူကို စိုက်မကြည့်နဲ့လေ"
"ချွတ်ခိုင်းတာ မင်း မဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"ဒါဆို ပါးစပ်ပိတ်ထား"
"အား... အဲ့နေရာကို မထိနဲ့လေ"
"ဆောလ် အာ နို"
"ဟင်လို့"
"ဘောင်းဘီ ချွတ်နေတာကို အဲ့နေရာ မထိလို့ ရမလား"
"မထိအောင် ချွတ်လို့"
"မင်းဘာမင်း လုပ်တော့ကွာ"
"မရလို့ပေါ့"
"ဒါဆို ဘာလို့ ခက်တာတွေ ဝတ်သေးလဲ"
"ဒီဘောင်းဘီလေးက သူ့ကို ဝတ်ဖို့ ပြောနေလို့"
*အောင်မယ်လေး... ငါ့ဇက်ကြော။
နှုတ်ကနေ ထုတ်ညည်းချိန် မရလိုက်။ ခက်ခက်ခဲခဲ ချွတ်နေရတဲ့ ဂျင်းဘောင်းဘီကို ကျွတ်ထွက်သွားဖို့ အားထုတ်နေတုန်း စူးစူးဝါးဝါး အသံလေး ထပ်ထွက်လာတယ်။
"ပေါင်အတွင်းသားကို မထိနဲ့လို့"
"ဘယ်သူက ထိချင်နေလို့လဲ၊ မင်းပဲ မကြည့်နဲ့ဆို၊ မကြည့်ဘဲ ချွတ်ရတာ နည်းနည်းပါးပါး ထိမှာပေါ့ကွ"
"မကြည့်နဲ့ ဆိုပေမဲ့ နည်းနည်းတော့ ကြည့်လေ"
ဆောလ်အာနိုတို့ စွာပုံ၊ ပေါက်ပန်းဈေး ပြောပုံကြောင့် လူက ပက်လက်လန်ချင်လာတယ်။ သက်ပြင်းတွေ အလီလီ ချပြီးနောက် မျက်နှာချင်းဆိုင် ပြန်လှည့်လိုက်တော့ "အား" ခနဲ ထပ်အော်ပြန်တယ်။ လူကိုလဲ လက်ညှိုးတစ်ထိုးထိုးနဲ့...
"အဲ့လောက် နီးနီးကြီး မကြည့်နဲ့လေ"
"မင်းပဲ ကြည့်ဆို"
"ဒါပေမဲ့ ဝေးဝေးက ကြည့်လေ"
"ဒီသောက်..."
စကားမဆုံးခင် ဘောင်းဘီလေးက အောက်မှာ အပုံလိုက် ကျသွားပြီ။ သို့ပေမဲ့ ခြေဖမိုးနားမှာ တင်ကျန်နေတုန်းမို့ ဒူးတစ်ဖက်ထောက် ထိုင်ပြီး ဒဏ်ရာကို မထိစေဘဲ ခြေထောက်နှစ်ဖက်ကနေ ဝကွက် ကျွတ်ထွက်သွားအောင် ဂရုတစိုက် ဖယ်ရှားပေးရသေးတာ တစ်လုပ်။
YOU ARE READING
"Take Me Home Where I Belong" (Completed)