အခန်း - ၃၇

35K 4.4K 3.5K
                                    

UNICODE

ရောက်နေတဲ့ နေရာက ဟိုတယ်ရဲ့ ဧည့်တွေ့ခန်းမ အလယ်မှာ။ အချိန်က မနက် ၂ နာရီကျော်မို့ တခြား ဧည့်သည်တွေ ရှိမနေဘဲ သူတို့လေးယောက်သာ တသီးတသန့် ဖြစ်နေတယ်။ ဘယ်သူကမှ စကားစ မပြောတဲ့ ဟောခန်းကြီး အလယ်မှာ ဇရဲ့ ရှူးဖိနပ်သံ တဒေါက်ဒေါက်က လွဲရင် အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်နေတယ်။

အတော်အတန် ကျယ်ဝန်းတဲ့ ဟောခန်းထဲမှာ လက်ကို နောက်ပစ်လျက် ဆရာကြီး အထာနဲ့ လမ်းပတ်လျှောက်နေတဲ့ ဇက အသက်ရှူသံ ပြင်းပြနေသလို လက်သီးနှစ်ဖက်ကို မြင်သာအောင် ဆုပ်ပြထားပြီး ပခုံးရိုးကြီး မောက်တက်နေပုံက သူ ဒေါသထွက်နေကြောင်း အားလုံးကို သိစေချင်သလို။

ထိုင်နေတဲ့ ဦးလက်ယာက မှုန်ကုပ်လျက် ဇကို မျက်ခြည်မပြတ် လိုက်ကြည့်နေတယ်။ ဇနဲ့အပြိုင် မျက်နှာပေါ်မှာ ဒေါသအရောင်တွေ လွှင့်တင်ထားပေမဲ့ ဘယ်သူမှ မမြင်အောင် သက်ပြင်းခိုးချတာမျိုး လုပ်နေပြီး တစ်ချက်တစ်ချက် လေပူတွေ မှုတ်ထုတ်လိုက်၊ ဘေးခုံမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ကလေးကို ငဲ့ကြည့်လိုက်၊ အကြံအိုက်သလို ဆံပင်တွေ ထိုးဖွလိုက်၊ ကြမ်းပြင်ကို ငူငူကြီး စိုက်ကြည့်လိုက်နဲ့ စိတ်လှုပ်ရှားတာကို လူ မသိအောင် ဖုံးဖိနေပြန်တယ်။

အနေအထားက အူလှိုက်သည်းလှိုက် ရယ်ပစ်ဖို့ လုံလောက်နေသလို၊ အားလုံးရဲ့ မျက်နှာရိပ် မျက်နှာကဲကို လိုက်ဖတ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ရယ်ချင်လာတာ တားမရ။ ဇ အကြောင်းကို ထုံးလိုမွှေ ရေလိုနှောက် သိနေတဲ့ မောင့်အတွက်က ဦးလက်ယာကို အကဲဖြတ်ဖို့ ဆိုတာ သိပ်ခက်တာမျိုးတော့ မဟုတ်။ သိပ်တူလွန်းတဲ့ သားအဖ မဟုတ်လား။

အခုလဲ နှစ်ယောက်လုံး မှုန်ကုပ်နေတယ် ဆိုပေမဲ့ ဇက အောင်နိုင်သူ အထာနဲ့ အထက်စီးက မှုန်ကုပ်နေတာ ဖြစ်ပြီး ဦးလက်ယာ မှုန်ကုပ်နေပုံက ဇ စွဲချက်တင်လာတဲ့အခါ ဘယ်လိုတန်ပြန် တိုက်စစ် ဆင်ရမလဲ စဉ်းစားနေဟန်။ အနိုင်မခံ အရှုံးမပေးဖို့ တိုက်ကွက်တွေ သွေးနေဟန်။

အခန်းနံရံကို မှီတွယ်လျက် သားအဖနှစ်ယောက်ရဲ့ မျက်နှာပေးကို အကဲခတ်နေတဲ့ကောင်က ရယ်ချင်ပေမဲ့ မရယ်ရဲ။ ဇက သေချာ မှာထားတယ်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now