အခန်း - ၁၆

35K 4.5K 687
                                    

UNICODE

"ဟေ့... သတိထား"

သူ အချိန်မီ လှမ်းတားလိုက်ပေမဲ့...

"အား..."

အော်သံနဲ့အတူ ခပ်လှမ်းလှမ်းမှာ ခွေခနဲ။ ကျစ်ခနဲ စုတ်သပ်ချိန်တောင် မရလိုက်အောင် မြင်လိုက်ရတာက ခြေဖဝါးဖွေးဖွေးဆီက စီးကျလာတဲ့ သွေးစတွေ။

*အရူးလေး၊ အရူးလေး၊ ဒီကောင်လေးက သောက်ရူးလေး။

ဒေါသစိတ်နဲ့အတူ သူပါ နာကျင်သွားသလို ခံစားချက်ကြီးက တော်တော်ကို ဆိုးရွားတာပဲ။ ကိုယ့်ခန္ဓာကိုယ်မှာ ဒဏ်ရာအနာတရ ဖြစ်တိုင်း သွေးစတွေနဲ့ ရင်းနှီးနေကျဖြစ်တဲ့ သူက အခုကျ ခံနိုင်ရည် ကင်းမဲ့နေသလို။ အကြောင်းပြချက် မရှိဘဲ စိတ်မှာ အခါတစ်ရာလောက် တောက်ခေါက်နေမိတာ မရပ်မနား။ ခုနက ဖန်ကွဲစတွေ ရှိကြောင်း သတိမပေးလိုက်မိတာကို နောင်တရလာမိတယ်။

နာကျင်မှုကြောင့် ထင်တယ်။ မျက်နှာနုနုလေးပေါ်ကနေ မျက်ရည်တွေ စီးကျလာတာက တာကျိုးသလို။ အဲ့နောက် ခြေထောက် မဟုတ်ဘဲ ဘက်ဘက် လက်မောင်းလေးကို သူ မြင်အောင် လှမ်းပြပြီး ကလေးလေးတွေ ဝမ်းနည်းလို့ ရှိုက်ငိုသလို အဲ့နားလေးမှာ ထိုင်ငိုနေတာ သနားဖွယ်ရာ။ ကိုယ့်ကြောင့် ဖြစ်သွားတာမို့ အပြစ်မကင်းသလို စိတ်နဲ့ လူက ပူထူလာတယ်။ လက်များ ကျိုးသွားလေသလား။ ကျောင်းသားအရွယ်လေးမို့ လက်ကျိုးသွားရင် ခက်မယ် မဟုတ်လား။

"နာတယ်၊ လက်က နာတယ် ဘေဘီ၊ ဆောလ်လက်က တကယ် အများကြီး နာနေတယ်"

သူ့ကို လှမ်းပြောရင်း အော်ငိုလိုက်တဲ့ အသံလေး။ စိုးရိမ်စိတ်ကြောင့် ရင်တွေ တဒိန်းဒိန်း ခုန်လာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ငိုနေတဲ့ ကလေးတစ်ယောက်ကို ဘယ်လို ချော့လို့ ချော့ရမှန်းလဲ မသိ။

သားဖြစ်သူကလဲ ကလေးဘဝကတည်းက သူ သိသလောက် တစ်ခါလေးတောင် မငိုဖူးတာမို့ ကလေးတစ်ယောက်ကို ချော့ရတယ် ဆိုတာက သူ့ဘဝမှာ ဘယ်တုန်းကမှ ရင်းနှီးကျွမ်းဝင်ခြင်း မရှိခဲ့တဲ့အရာ။ မျက်ရည်ပဲ ပြေးသုတ်ပေးရမှာလိုလို၊ ပြေးပဲ ပွေ့ရမှာလိုလိုနဲ့ သူ တစ်ယောက် ဗျာများသွားရင်း...

"Take Me Home Where I Belong" (Completed)Where stories live. Discover now