UNICODE
"ဆောလ်အာနိုလား"
"အင်း"
အသိအမှတ်ပြု ခေါင်းညိတ်ပြပြီး နောက်တစ်ကြိမ် ယောင်လို့တောင် မော့မကြည့်။ အရောင်အသွေး စုံလင်တဲ့ အပြင်အဆင်နဲ့ ပျိုးပြက်လင်းလက်နေတဲ့ အာရှသူ လှလှလေးက ရှေ့တည့်တည့်က ခုံမှာ ဝင်ထိုင်တယ်။ ကလပ်မီးရောင်မှိန်မှိန်အောက်မှာ ပေါင်အတွင်းသားလေးတွေက ထင်းခနဲ လင်းခနဲ။ မှတ်ထားသလောက် ဒါနဲ့ဆို ငါးယောက်မြောက်ပဲ။ ကညုခရာသံလေးတွေနဲ့ ပန်းရိုင်းလှလှလေးတွေက အနားမှာ လာဝဲကြတယ်။ မျိုးစုံ မိတ်ဆက်စကား ပြောကြရင်း ရေလာအောင် ဆည်ဖောက်ကြတယ်။
သေချာကြည့်မယ် ဆိုရင် ကလပ်ရဲ့ ထောင့်တစ်နေရာမှာ ဆောလ်အာနိုကို သဘောကျနေတဲ့ အဖွဲ့လိုက်ကြီး တစ်ဖွဲ့ရှိတယ်။ နင်ပြီးရင် ငါ့အလှည့် ဆိုတာမျိုးနဲ့ လောင်းကြေး ထပ်နေကြဟန်။ ဘယ်သူ့ကိုမှ လိုတာထက် ပိုပြီး မလိုက်လျောတတ်တဲ့ ဆောလ်က အားလုံးအတွက် လက်တည့်စမ်းချင်စရာလေး ဖြစ်နေခဲ့တာ။
ဒါတွေကို ကိုလူချောလေးက သိဟန်မတူ။ ဘာလေးမေးမေး စိတ်မဝင်စားဟန်နဲ့ အင်းအဲ လုပ်ပြီး ဝိုင်ပဲ လှိမ့်သောက်နေတော့ ပြေးလမ်းပိတ်ကုန်သလို အပျိုချောတွေ ဘာလုပ်ကြရမှန်း မသိ။ ကြံရာမရတဲ့အဆုံး နှုတ်ဆက်ပြီးတာနဲ့ အင်တင်တင်နဲ့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတယ်။
ဆောလ်ဘေးက ထသွားကြတိုင်း လက်မကို အောက်စိုက်ပြပြီး အဆင်မပြေပါဘူးဟာ ဆိုတဲ့ ပုံစံမျိုးနဲ့ အချင်းချင်း အသိပေးကြတယ်။ အခု ဆောလ်ရှေ့မှာ ထိုင်နေတဲ့ မိန်းမချောလေးလဲ အရှေ့ကလူတွေ နည်းလမ်းအတိုင်း ခဏနေရင် ထွက်သွားတော့မှာပါ။
ဝိုင်ခွက်ကို ကျင်လည်စွာ ကောက်မလိုက်တဲ့ ဟန်ပန်။ ကခုန်နေကြသူတွေကို ဘာရယ်မဟုတ် တစ်ချက်တစ်ချက် ငေးကြည့်လိုက်တဲ့ပုံစံ။ အဲ့ဒီ့အကြည့်တွေနဲ့ ဆုံစည်းလိုက်ရတိုင်း ကောင်မလေးတွေဆီက ဖလိုင်းကစ်တွေ လွင့်လာတယ်။ စိတ်ကောင်းလေးများ ဝင်နေလို့ ပြုံးပါပြလိုက်ရင် Dance- Floor ပေါ်က လူတွေ အသက်ရှူ မှားကုန်လိမ့်မယ်။ ကကွက်တွေ ချော်ထွက်ကုန်လိမ့်မယ်။ ပြီးရင်...
YOU ARE READING
"Take Me Home Where I Belong" (Completed)