အခန်း - ၃၃

33.4K 4K 575
                                    

UNICODE

မနက် ၅ နာရီ ကျော်မှ မှေးခနဲ အိပ်ပျော်သွားတဲ့ သူက အိပ်မက်တစ်ခု မက်ခဲ့တယ်။

သိပ်လှတဲ့ အိပ်မက်လေးထဲမှာ တောင်ခြေရင်းနားက ချစ်စရာ အိမ်ကလေးတစ်လုံးဟာ သူ့အိမ်တဲ့။ အိမ်ပတ်ပတ်လည်မှာ ရာသီအလိုက် တောပန်းလေးတွေ ပွင့်ဖူးနေရုံမက မနက်ခင်း နေရောင်ခြည်က ဝန်းကျင်တစ်ဝိုက်ကို အနွေးဓာတ်တို့နဲ့ လွမ်းခြုံထားတယ်။ အိမ်ရဲ့ အနောက်ဘက်မှာ စမ်းချောင်းကလေး စီးဆင်းနေပြီး နေဝင်ချိန်တိုင်း သူတို့အိမ် မီးခိုးခေါင်းတိုင်က တလူလူ လွင့်လာတဲ့ အခိုးအငွေ့တွေကအစ သိပ်လှတဲ့ စုတ်ချက်တွေအလား။

အိမ်နဲ့ မလှမ်းမကမ်းက တောင်စောင်းပေါ်မှာ သူ မွေးထားတဲ့ သိုးအုပ်ကြီးနဲ့ ဆိတ်ကောင်ရေ အများအပြား အစာစားနေကြပြီး သူ ချစ်ရတဲ့ တစ်စုံတစ်ယောက်လေးက သူနဲ့အတူ စားဖို့အတွက် ဟင်းလျာတွေ ချက်ပြုတ်နေသတဲ့။ ခွေးလေးတစ်ကောင်က ချစ်တဲ့သူ အနားမှာ တစ်နေကုန် ပြေးလွှား ဆော့ကစားနေပြီး ချက်ပြုတ်ပြီးတဲ့အခါ အဲ့ဒီတစ်စုံတစ်ယောက်လေးက သူ့အဝတ်တွေကို သပ်သပ်ရပ်ရပ် မီးပူထိုးနေလိမ့်မယ်။

အိမ်ကလေးထဲမှာ အနွေးဓာတ် မပြတ်။ ချစ်ခြင်းမေတ္တာ မပျက်။ လှပတဲ့ ရယ်သံလေးတွေ မပြတ်။ နိစ္စဓူဝပေါ့ အိမ်မှာ သူ မရှိချိန်တိုင်း ခွေးသားအမိက အတိုင်အဖောက်ညီညီ သူ့အတင်းတွေ ပြောလိုက်၊ အိမ်သန့်ရှင်းရေး လုပ်လိုက်နဲ့ ပြုံးပျော်နေလေ့ရှိတယ်။

သူကတော့ စနေနေ့ ရောက်တိုင်း အိမ်နဲ့ အနည်းငယ် လှမ်းတဲ့ မြို့ဈေးလေးထဲ ရောက်နေတတ်ပြီး လိုအပ်တဲ့ စားသောက်ကုန် အချို့နဲ့ သူ့အိမ်သားလေး အမှာပါးလိုက်တဲ့ သုံးဆောင်ဖွယ်ရာ အချို့ကို စိတ်ရှည်လက်ရှည် ဝယ်ခြမ်းနေမိတယ်။ အိပ်မက်ထဲမှာတောင် ရေခဲ့မုန့်ဘူးတွေ လိုက်ဝယ်နေခဲ့တဲ့ သူက အတိုင်းအဆမဲ့ ပျော်နေခဲ့ပါသတဲ့။

ပစ္စည်းတွေ တပွေ့တပိုက်နဲ့ တက်ကြွစွာ ပြန်လာတဲ့ သူက ပြန်ရောက်ပြီ ဖြစ်ကြောင်း အိမ်ရှေ့ကနေ အသံပေးလိုက်တဲ့အခါ အဲ့ဒီတစ်စုံတစ်ယောက်လေးက ဝမ်းပန်းတသာ အပြေးလေး ထွက်ကြိုရှာတယ်။ သူ့ဘေးမှာ လူသားလေး တစ်ယောက်ရဲ့ အသံရယ်၊ ခွေးလေးတစ်ကောင်ရဲ့ အသံရယ်နဲ့ ဆူညံနေပြီး ဝန်းကျင်တစ်ဝိုက်က သာယာလှပနေတယ်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now