အခန်း - ၂၃

33.4K 4K 1.1K
                                    

UNICODE

နှာခေါင်းအထက်နားမှာ ယားကျိကျိ လာပွတ်သပ်နေဟန် ထူးဆန်းတဲ့ ခံစားမှုကြောင့် မျက်ဝန်းတွေ ပွင့်လာတော့ အပေါ်စီးကနေ သူ့မျက်နှာပေါ်မှာ အလုံးစုံ ငိုက်ကျနေတဲ့ မျက်နှာလေး။ ပါးစပ်လေး ပွင့်ဟတဲ့အထိ အိပ်မောကျနေပုံကို အနီးကပ် မြင်လိုက်ရတဲ့အခါ အိပ်ချင်မူးတူးကောင်က ရယ်ချင်လာတယ်။

သူ့ကို ပိုပြီး မျက်စိကျယ်စေတာက ပွင့်ဟနေတဲ့ ပါးစပ်ထဲမှာ သွားရည်တွေမှ အပြည့်။ သူ မှန်းတာ မမှားရင် ပြူတစ်ပြူတစ် ဖြစ်နေဆဲ သွားရည်တွေက သိပ်မကြာခင် သူ့အပေါ် ဒလဟော ကျတော့မှာမို့ ကြက်သီးဖြန်းခနဲ။

ကံကောင်းလို့ ကပ်သီလေး နိုးလာခဲ့တာ။ မဟုတ်လို့ကတော့ ဆောလ်အာနို တံတွေးခွက်ထဲ သူပက်လက် ကူးရတော့မှာ။ သူ့မျက်နှာတစ်ခုလုံးပေါ် ဒီကောင့်တံတွေးမိုး ရွာဖြိုးတော့မှာ။

အသံတိတ် ရယ်နေရင်း လက်ရှိအခြေအနေကို ပြန်သုံးသပ်တော့ သူ့တစ်ကိုယ်လုံးက ဆောလ်အာနို ရင်ခွင်ထဲမှာ။ ပြန်တွေးကြည့်မှ ဆောလ်အာနို နှိပ်ပေးလိုက်ကတည်းက သူ ကောင်းကောင်း အိပ်ပျော်သွားခဲ့တာ။ အခုလဲ တစ်ရေးနိုး ဆိုပေမဲ့ ကောင်းကောင်း အိပ်လိုက်ရလို့ ထင်ပါရဲ့၊ သူ့တစ်ကိုယ်လုံး လတ်ဆတ်နေလိုက်တာများ။

ငိုက်မြည်းနေဆဲ မျက်နှာလေးကို တည့်မတ်အောင် ပြင်ပေးရင်း ဒဏ်ရာတွေကို မတော်တဆများ သူ ဖိမိခဲ့သလား စစ်ဆေးကြည့်မှ ခြေလက်တို့ကို ဘေးနှစ်ဖက်ဆီ ဖြန့်ကားပြီး အိပ်မောကျနေပုံက စာခြောက်ရုပ်အလား ခြေကားရားလက်ကားရား။ သူနဲ့ လွတ်လွတ်ကင်းကင်း ဖြစ်အောင် ခြေတွေ လက်တွေကို အဝေးပစ်ထုတ်ထားတာ ဖြစ်မှာ။

ဒီကောင် သူ့ဘေးတော့ သူ့ကြည့်ရှောင်တတ်သားပဲ။

သူ ပြုံးနေမိတာ ဘယ်လောက် ကြာသွားလဲ မသိ။

နာရီ လှမ်းကြည့်တော့ မနက် ၄ နာရီ။ ညကတည်းက အခုထိဆို သူ အကြာကြီး အိပ်ပျော်သွားခဲ့တာပဲ။ အလုပ်ရဲ့ ဖိအားကြောင့် ဒီညတော့ အိပ်မရလောက်ဘူး ထင်ခဲ့တဲ့ ကောင်က ဒီကောင်လေးနဲ့ အတူရှိလေတိုင်း သူဟာ သူ မဟုတ်သလို အိပ်စက်ခြင်းဟာ သူ့အတွက် လွယ်ကူနေတာ အံ့ဩဖွယ်ရာ။

"Take Me Home Where I Belong" (Completed)Where stories live. Discover now