အခန်း - ၁၁

37.5K 4.6K 1.6K
                                    

UNICODE

ဒေါသအမျက်ချောင်းချောင်းနဲ့ အိမ်ရှေ့ကို လွှားခနဲ ထွက်သွားတော့ ထုံးစံအတိုင်း ခွေးစုတ်ဖွားကောင်။ ပြုံးပြနေပုံက ကြည်လင်တောက်ပနေပြီး သူပဲ အမှား လုပ်မထားသလို။ အိမ်ရှေ့မှာ အကြာကြီး လာအော်ခေါ်နေတာ သူ မဟုတ်သလို။ လက်ထဲက ချောကလက်ကိတ်ကို သူ မြင်သာအောင် ကိုင်မြှောက်ထားပြီး...

"စားချင်လား"

မေးပုံက နာနာရိုက်ပစ်ချင်စရာ။ သူများအိမ်ရှေ့ ရောက်လာပြီး ရာရာစစ။ ဘယ်သူက စားချင်နေလို့လဲ။

"ဆောလ်ကိုယ်တိုင် လုပ်ထားတာ"

ဝံ့ဝံ့ကြွားကြွား ပြောနေတဲ့ မျက်နှာပေးကိုက...

"ငါနဲ့အတူ ဆော့ပေးရင် မင်းကို ဒီမုန့်ကျွေးမယ်"

ဆိုတဲ့ ကလေးအချင်းချင်းကြားက မြှူဆွယ်မှုမျိုးနဲ့ ဆင်တူနေတယ်။ သောက်ကလေးကို သောက်မြင်ကပ်ရတာ ဂိတ်ဆုံးနေပြီ။ ဘယ်သူက ငတ်နေလို့လဲ။

"ဒီမှာ ငါ့ပုံစံက သူများ လက်နဲ့ လုပ်တာကို စားမဲ့ရုပ်လား"

ကိုယ်ကတော့ အဓိပ္ပာယ်တစ်မျိုးနဲ့ ပိတ်ဟောက်လိုက်တာပဲ။ ဘာကို အတွေးပေါက်သွားလဲ မသိတဲ့ သောက်ကလေးက မျက်ဝန်းပြာလေး ပြူးကျယ်သွားပြီးမှ...

"အိုး... အဲ့လိုလား၊ ဒါဆို ခြေထောက်နဲ့ လုပ်ပေးမယ် စားမလား"

ပြောပုံက ပကတိ အကြည်အလင်။ သူ့ကို လူထူးလူဆန်းတစ်ယောက်လို ငေးနေတာက ပါသေးတယ်။ ဖွင့်မပြောပေမဲ့ 'ခင်ဗျားအကြိုက်က တစ်မျိုးနော်' ဆိုတဲ့ မျက်နှာပေး။ ဒီကောင် တကယ်ပဲ ဘယ်ဂြိုဟ်ကနေ ရောက်လာတာလဲ။ သူ့ကို ဒုက္ခပေးဖို့ ဘယ်ဂြိုဟ်ကနေ ယီးလေးခိုပြီး ဆင်းသက်လာတာလဲ။

"ငါပဲ မှားတာ၊ ငါပဲ မှားတာ"

ဆိုပြီး နံရံကို လက်သီးနဲ့ ပြေးထိုးချင်လာတယ်။ ထွက်နေသမျှ ဒေါသကို လည်ချောင်းဝဆီ ဆန်တက်ခွင့် ပေးပြီး...

"မင်း..."

သွားကြားစေ့သံနဲ့ မျက်နှာနားကပ်ပြီး လက်သီးထောင်ပြလိုက်တော့...

"ဆောလ်က အာဟာရ ပညာရှင်"

"မင်း သောက်လုပ်လေ"

"Take Me Home Where I Belong" (Completed)Where stories live. Discover now