အခန်း - ၁၇

39.2K 4.2K 1.6K
                                    

UNICODE

"ကြည့်ပါအုံး၊ မျက်နှာကြီးကလဲ တည်နေလိုက်တာ၊ ပြုံးပြပါအုံး ဘေဘီရဲ့၊ စိတ်မကောင်း မဖြစ်နဲ့နော်၊ ဒဏ်ရာတွေက ဘေဘီ့ကြောင့် ဖြစ်တာ မဟုတ်ပါဘူး၊ ဆောလ် အပြစ်ပါ၊ ဆောလ် နမော်နမဲ့နိုင်လို့ ဖြစ်ရတာပါ... နော်နော်"

ကားပေါ် ရောက်အောင် ပွေ့ချီလာတဲ့တစ်လျှောက် ဒီလို တတွတ်တွတ် ပြောဆိုလာတဲ့ ကောင်စုတ်လေးက လမ်းတစ်ဝက်ရောက်မှ...

"ဘေဘီ့ပယောဂကြောင့် ဖြစ်တာ ဆိုတော့ ဆေးရုံကို ဆောလ် ရွေးမယ်၊ ဆောလ် ပြချင်တဲ့ နေရာမှာ ပြပေးရမယ်" တဲ့။

လက်ညှိုးလေး တထောင်ထောင်နဲ့ ပြောနေပုံက ဆရာကြီးအထာ။ စကားပေါင်းစုံကို ရုပ်တည်နဲ့ ပြောရဲတဲ့ ဒီကောင့် စကေးလ်ကို လက်ကော၊ ခြေပါ လန်ချင်လာတယ်။ ဒဏ်ရာ ပျောက်တဲ့အထိ တာဝန်ယူမယ် ပြောမိတာကို သွေးတိုးချင်လာတယ်။ လတ်မှတ် ထိုးပေးလိုက်လို့ ကမ်းတက်သွားတဲ့ ကောင်စုတ်လေးက မပြောရဲတာ မရှိ၊ မလုပ်ရဲတာ မရှိ။

လတ်မှတ် ရှိနေတဲ့ မှတ်စု စာအုပ်လေးကို သူ မြင်အောင် မကြာခဏ ဖွင့်ကြည့်ပြီး ရယ်နေသေးတာ။ စာအုပ်ပေါ်ကို နှာဖျားနှစ်ပြီး နမ်းတာမျိုးလဲ လုပ်သေးတာ။ အကြည့်ချင်း ဆုံလိုက်တိုင်း မျက်စိတစ်ဖက် မှိတ်ပြတာ။ ဆောလ်အာနို အူမြူးနေသလောက် ရှေ့ရေးတွေးပြီး သူ့မှာ မရယ်နိုင်။

သူများသားသမီးလေးနဲ့ သူက ရှေ့လျှောက် ဘယ်လို နှစ်ပါးသွားရပါ့မလဲ။ စကားနည်းရန်စဲ ဖြစ်အောင် ဘာမှ ပြန်မပြောဖြစ်တဲ့ သူက လက်ညှိုးညွှန်တဲ့အတိုင်း စိတ်ပျက်လက်ပျက်နဲ့ မောင်းချလာခဲ့တာပဲ။

သူ့အဖြစ်က မျက်မှောင်တောင် ကြာကြာမကုတ်နိုင်၊ နာရီဝက်ခန့် မောင်းပြီးနောက် ရောက်လာတဲ့ နေရာက ဇူးရစ်တက္ကသိုလ်နဲ့ သိပ်မဝေးလှတဲ့ လမ်းကြောပေါ်က အထူးကု ဆေးရုံတစ်ခု။ ငါးထပ် အဆောက်အဦ ဖြစ်ပြီး ဆေးရုံကြီးတွေလို ကြီးမားကျယ်ဝန်းနေတာ မဟုတ်ပေမဲ့ အရင်ရောက်နေတဲ့ လူနာတွေကို အကဲခတ်ရသလောက် လူချမ်းသာတွေ သီးသန့်လာတဲ့ နေရာတစ်ခုလို။

အံတကြိတ်ကြိတ်၊ မနှစ်မြို့စိတ်နဲ့ပဲ ကားတံခါး သွားဖွင့်ပေးလိုက်တော့ လက်ဆန့်တန်းပြီး ချီပိုးခိုင်းသူကြောင့် ကျစ်ခနဲတောင် မလုပ်နိုင်။ ဒီကောင် ဖအေဖြစ်သူနဲ့ သူ့ကိုများ မှားနေလေသလား။ ငြင်းမရတဲ့ အနေအထားမှာ တယုတယ မဟုတ်ပေမဲ့ ပွေ့ပိုက်ပြီး အထဲကို ဝင်တော့ နာစ့်နှစ်ယောက် ပြေးထွက်လာတယ်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now