UNICODE
ည ၁၁ နာရီ။
တစ်အိမ်လုံးမှာ သူတစ်ယောက်က လွဲလို့ တိတ်ဆိတ်နေတယ်။ ကောင်စုတ်လေး အိပ်မောကျနေပြီ ထင်ရဲ့။ တစ်နေကုန် လူကို ဒုက္ခပေးတာအပြင် ပွေလီလို့ အားရသွားတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီ နေမှာ။ ကိုယ်အပူချိန် သွားစမ်းလိုက်ချင်ပေမဲ့ သိပ်အိုဗာ ဖြစ်နေတယ် ခံစားရလို့ နေရာက မရွှေ့မိ။ နည်းနည်းလေး ပိုကောင်းပြလိုက်ရင် တောက်တဲ့နဲ့ ဆင်တူတဲ့ ကောင်ကို လုံးလုံးခွာချလို့ ရတော့မယ် မထင်။
အခုထိ သူကြုံနေရတာတွေက အိပ်မက်လိုလို တကယ်လိုလို မယုံနိုင်စရာတွေချည်း။ အခုပဲ ကြည့်လေ၊ မနှစ်မြို့နေတဲ့ကြားက၊ တားဆီးနေတဲ့ကြားက ဘဝထဲကို ခွေးစုတ်ဖွားတစ်ကောင် တိုးခွေ့ ဝင်ရောက်လာတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲ့ကောင်လေးက သူ့ဘေးအခန်းထဲမှာ အိပ်မောကျနေတဲ့ အနေအထား ရောက်လာခဲ့ပြီ။
ကိုယ့်ကို ကြံစည်ဖို့ ပေါ်တင် ချောင်းမြောင်းနေတဲ့ ကောင်ကို အိမ်ပေါ် ခေါ်တင်လာရတဲ့ သူ့အဖြစ်က ဘယ်လိုတွေးတွေး အခုထိ အီလည်လည်။ ဒဏ်ရာအကြောင်းကို သားမက်ဆီ ဖုန်းဆက် အတည်ပြုရအောင်လဲ အကယ်၍ သုံးလ မကုရဘူးလို့များ ကြားလိုက်ရရင် ဒီထက် ပိုပြီး သွေးတိုးဖို့က လွဲရင် ကောင်းနိုင်တာ မရှိ။
တစ်နေကုန် ချီတုံချတုံနဲ့ပဲ နောက်ဆုံးတော့ အတည်ပြုဖို့ကို လက်လျှော့လိုက်မိတယ်။
အဲ့တာတွေ အားလုံးထက် သားမက်ကတစ်ဆင့် ခွေးစုတ်ဖွားတစ်ကောင်နဲ့ သူ ဗျာများနေမှန်း သားဆိုတဲ့ကောင် သိသွားမှာ အကြောက်ဆုံး။ အဖေထက် သားတစ်လကြီးတဲ့ ကောင်က မျက်မှောင်ကုတ်ပြီး စစ်လားဆေးလား လုပ်တော့မှာ။
အဲ့ထက် ဆိုးရင် ဇူးရစ်ထိ ရောက်ချမလာဘူးလို့ မပြောနိုင်။ သူ့ကျရှုံးခန်းကို ဟာသ လာမလုပ်ဘူးလို့ မပြောနိုင်။ သူ့ဘဝတစ်လျှောက်လုံး ဗီဇ တံတွေးခွက်ထဲ ပက်လက် အမျောမခံနိုင်ပါ။ ဗီဇ ရယ်သံတွေကြား ကြက်သီးတဖြန်းဖြန်း အထမခံနိုင်ပါ။
မဖြစ်ဘူး၊ မဖြစ်ဘူး ဆိုပြီး ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေတာ ဘယ်နှကြိမ်မှန်း မသိ။ လုပ်လက်စ ကွန်ပျုတာကို ပိတ်ချလိုက်ပြီး ထိုင်ရာကနေ ခပ်လျောလျော မှီတွယ်ပြီး အကြောအခြင် ဆန့်လိုက်မိတယ်။
YOU ARE READING
"Take Me Home Where I Belong" (Completed)