Part 3 (U & Z)

3.4K 169 9
                                    

"သိပ်သိတာပေါ့ ကျူးလစ်ပန်းအဝါလေးရဲ့....."

"ဗျာ..!"

ကျူးလစ်ပန်းအဝါလေးလို့ပြောလိုက်တာ
ကြောင့် ငယ်ငယ်ကအတိတ်ကိုပြန်သတိရသွား
တယ် ကျူးလစ်ပန်းအဝါရောင်ပေးခဲ့တဲ့
လူတစ်ယောက်ကပြောတယ်

'ကျူးလစ်ပန်းလေးလို ကြွေရုပ်လေးက သိပ်လှတာပဲ ကိုကိုကြီးလာရင်ကြွေရုပ်လေးနဲ့လက်ထပ်မှာနော်'

အဲ့လိုပြောခဲ့တဲ့လူက ကိုစိုင်းဖြစ်နေတာလား
မဟုတ်လောက်ပါဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

"ကြွေရုပ်...ကိုယ့်ကို မမှတ်မိဘူးလား
ကြွေရုပ်တို့အိမ်ဘေးမှာနေခဲ့တဲ့သူလေ
ကျူးလစ်ပန်းလေးတောင်ပေးခဲ့သေးတယ်"

တကယ်ပဲ အဲ့လူကကိုစိုင်းဖြစ်နေတာလား
ကျနော်ဘာလို့မမှတ်မိရတာလဲဗျာ

"တကယ်ပဲ ကိုစိုင်းလား"

"ဟုတ်တာပေါ့ အစ်ကိုတောင်အံ့ဩနေတာ
ကြွေရုပ်ကဒီလောက်ကြီးထွားလာမယ်လို့ မထင်ထားဘူး...ဟား...ဟား.."

"ကိုစိုင်းနော်....ဟွန်း"

ကိုစိုင်းကငယ်ငယ်ကအတိုင်းပဲ ကျနော့်ကို
စိတ်စိုးအောင် စနေတုန်းပဲ..ဘာလို့ကိုစိုင်းကဒီလောက်ထိထွားလာရတာလဲ ငယ်ငယ်တုန်းက ကျနော်နဲ့ပုံစံတူတူပါ အခုတော့
အရပ်ကြီးလည်းရှည်လာတယ် ခန္ဓာကိုယ်ကြီးကလည်းအကြီးကြီးပဲ ရုပ်ကလည်းချောလာ
တယ် အခုလိုဖြစ်အောင် ဘာဆေးတွေသောက်ထားတာလဲ။

"ကျနော့်ကို ဘာလို့ ကျူးလစ်ပန်းပေးခဲ့တာလဲ"

"အဲ့တုန်းက ကိုကို့လက်ထဲက
ကျူးလစ်ပန်းလေးကိုလိုချင်လို့ ငိုနေခဲ့တာလေ မျက်ရည်တွေရော နှာချီးတွေရောတွဲလျောင်းကျနေတာ ကျူးလစ်ပန်းမပေးလို့ဆိုပြီး လက်ကိုတောင်
ကိုက်သေးတယ် အဲ့မှာပေးလိုက်ရတော့တာပဲ ကြွေရုပ်အဖေက ကြွေရုပ်ကိုဆူသေးတယ်လေ ကိုကို့ ကိုကိုက်လို့ဆိုပြီး မမှတ်မိဖူးလား"

"မမှတ်မိဘူး...ကျနော့်ကို ကျူးလစ်ပန်းပေးတာပဲ မှတ်မိတာ"

"အဲ့တာဆိုရင် ကိုကိုကြီးလာရင် ကြွေရုပ်ကို
လက်ထပ်မယ်လို့ ပြောခဲ့တာရော မှတ်မိလား"

'ဝဲ'Where stories live. Discover now