Part 12 ( U & Z )

2.5K 110 4
                                    

မနက်မိုးလင်းတော့ အိပ်ယာကိုလက်နဲ့စမ်းကာ တစ်ယောက်သောသူကိုရှာနေမိသည်။ထိုသူကား ကျနော်ချစ်ရသော ကိုစိုင်းထက်ဉာဏ်
ဖြစ်သည်။ သို့သော် အိပ်ယာထက်၌ရှာမတွေ့ခဲ့ပေ။ အိပ်ယာပေါ်မှ ထကာ စားပွဲပေါ်မှာ နာရီကို ကြည့်
လိုက်သောအခါ...

"ဟာ..နေ့လည်၁၁နာရီတောင်ထိုးပြီ ကိုစိုင်းအလုပ်သွားလောက်ပြီိထင်တယ်"

ရေချိုးခန်းထဲသို့ မြန်မြန်ဝင်ကာ ပြင်ဆင်ပြီး
အောက်ထပ်သို့ဆင်းလာလိုက်သည်။ အပေါ်
ထပ်မှာတော့ အလုပ်သမားတစ်ယောက်
တောင်ရှာမတွေ့သော်လည်း အောက်ထပ်မှာပေါ့ အလုပ်သမားတွေအများကြီးရှိလို့နေသည်။

အလုပ်သမား မိန်းကလေး၂ယောက်က အချင်းချင်းတီးတိုးပြောဆိုနေကြသည်။

"ဟဲ့ မနေ့ညကလေ သရဲခြောက်တာလားမသိဘူး အော်သံတွေကြားနေရတယ်"

ကျနော်လည်းသိချင်ဇောနဲ့ သူတို့အနားကပ်ကာ ခိုးနားထောင်လိုက်သည်။

"ဟုတ်တယ် အပေါ်ထပ်ကနေကြားရတာ ငါက သရဲခြောက်တယ်ထင်လို့ ဆောင်ခြုံပြီးအိပ်
နေတာ"

သူတို့ပြောချင်တာက ကျနော်တို့အခန်းထဲက အသံတွေကိုလား။ ရှက်ဖို့ကောင်းလိုက်တာနော်။

"သားကြွေရုပ် နိုးလာပြီလား"

​အသံလာရာသို့ကြည့်လိုက်သောအခါ
ကြီးမြိုင်ဖြစ်နေတယ်။

"ဟုတ်တယ် ကြီးမြိုင် ကျနော်ညက နည်းနည်း
အိပ်ယာဝင်တာနောက်လို့ အိပ်ယာထနောက်ကျသွားတယ် နောက်နေ့ကစပြီးစောစောထပါမယ်"

"ရပါတယ်သားရယ် ကြီးမြိုင်သားစားဖို့
နေ့လည်စာပြင်ထားတယ် လာစားတော့"

"ဟုတ်ကဲ့ ကြီးမြိုင်"

ကြီးမြိုင်ကလေ အရမ်းကောင်းတာပဲ။ ကျနော့်အပေါ်ဆ်ိုဂရုစိုက်ပေးတယ်။ ကျန်တဲ့
အလုပ်သမားတွေက ကျနော့်ကိုဆိုစကားမပြောဘူး မြင်ရင်တောင် အရိုအသေပြုပြီးရှောင်သွား ကြ
တယ်။ပထမဆုံးရက်မလို့ ရှောင်နေကြတာ ထင်ပါရဲ့။ နေ့လည်စာစားလို့ပြီးတာနဲ့
အပေါ်ထပ်ကိုတက်ကာ ဆိုင်ကိုသွားဖို့
ပြင်ဆင်လိုက်သည်။ အောက်ထပ်ကိုဆင်းလာတော့ ကြီးမြိုင်က ကျနော့်ကိုတွေ့ပြီး...

'ဝဲ'Where stories live. Discover now