Part 5 (U & Z)

2.8K 119 4
                                    

"ဟယ်..သားလဲကျနေအုန်းမယ် ဘာလို့
အမြန်အိမ်ထဲဝင်လာတာလဲ"

"ဘာမှမဟုတ်ပါဘူး.."

ဒီကောင်လေး ပျာပျာသလဲနဲ့ဘာဖြစ်လာလို့ပါလိမ့်။ အရင်ကဆို သူပဲပြောနေကျ သွားသတိ၊ လာသတိနဲ့ နေပါတဲ့ အခုတော့ ပျာပျာသလဲနဲ့။

ရှက်ပြီး အိမ်ထဲအမြန်ဝင်သွားတဲ့ကောင်လေးကို
ကြည့်ပြီး ထိုနေရာမှာတင် ရီမောမိနေသည်။

အာ..ကိုစိုင်းကဘာလို့ဒီလိုပြောရတာလဲ
ရှက်လိုက်တာ။ ဒီတိုင်းနမ်းချင်တယ်လို့ပြောတာလား။ ဘာလဲကွာ.....

​ထိုကောင်လေးကို လိုက်ပို့ပြီးတာနဲ့ အိမ်ကိုတန်း ပြန်လာခဲ့လိုက်သည်။ လန်းလန်းဆန်းဆန်းလေး ဖြစ်သွားအောင် ရေအရင်ချိုးလိုက်တယ်။
ရေချိုးခန်းထဲကထွက်လာတော့ ဖုန်းကိုအရင်
ကိုင်မိတယ်။ကြွေရုပ်နဲ့ အပြင်လျှောက်သွားထားတဲ့ ပုံတွေက ပျံ့နေတာပဲ။
'ချစ်သူနဲ့ Dateနေတဲ့ စိုင်းထက်ဉာဏ်' ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ပေါ့။

ထိုလူသားလေးရဲ့ accထဲဝင်ပြီး video callလေးကို နှိပ်မိတယ်။ ထိုလူသားလေးက
လည်း ချက်ချင်းဆိုသလို ကျုပ်ခေါ်တာကို
ကိုက်လိုက်တယ်။

'မအိပ်သေးဘူးလား ကြွေရုပ်'

'အိပ်မပျော်လို့ပါ ကိုစိုင်းရဲ့'

'ကြွေရုပ်အိပ်ပျော်အောင် ကိုယ်သီချင်းဆိုပြ
မယ်လေ'

'ကိုစိုင်းက ဆိုတတ်လို့လား'

'ဘာလဲ အထင်သေးတာလား..ခနစောင့် ဂီတာသွားယူလိုက်အုန်းမယ်'

'ဟုတ်.ကဲ့.ပါ.ဗျ'

သီချင်းဆိုပြဖို့အတွက် ဂီတာကို အိပ်ယာဆီ သယ်လာပြီး ကြိုးညှိနေတဲ့ကိုစိုင်းကို ဖုန်း screenထဲကနေ အားရပါးရ စိုက်ကြည့်နေမိ
သည်။ ဂီတာသံထွက်ပေါ်လာတဲ့တစ်ပြိုင်နက်
ကိုစိုင်းရဲ့ အသံချိုချိုလေးက ထွက်ပေါ်လာ
တယ်။ ထိုသီချင်းကို ကျနော်သိတယ်။ ကျနော်အကြိုက်ဆုံးသီချင်းပေါ့။

လေညှင်းလေးက တိုးတိုးလေးပြောသွားတယ်..
မင်းချစ်သူမင်းကိုမေ့ပြီတဲ့~~~
သူသတိရရ မရရပေါ့~~~
ကျနော်ကတော့ မေ့လို့မရပါဘူး~~~
ဌက်ကလေးများက
မကြားတကြားလေးပြောသွားတယ်~~~
မင်းချစ်သူ မင်းကိုမုန်းပြီတဲ့~~~
သူမုန်းမုန်း မမုန်းမုန်းပေါ့~~~
ကျနော်ကတော့ မုန်းလို့မရပါဘူး~~~
ပန်းကလေးများက အချင်းချင်းလှမ်းပြောကြတယ်~~~
သူ့ချစ်သူ သိပ်ရက်စက်တယ်တဲ့~~~
သူရက်စက်စက် မရက်စက်ပေါ့~~~
ကျနော်ကတော့ မရက်စက်ပါဘူး~~~
တစ်လောကလုံးက ပြောနေပြီ...မင်းကိုလေ~~
မခံချင်ဘူး ကိုယ်ဘယ်လိုပြောလိုက်ရမှာလဲ~~
တစ်လောကလုံးက မေးနေပြီ ကိုယ့်ကိုလေ~~~
မခံချင်ဘူး ကိုယ်ဘယ်လိုရင်ဆိုင်ရမှာလဲ~~~
အချစ်ကလေးရယ်.....
လမင်းလေးကို အနားကပ်လို့ မေးကြည့်မယ်~~
ကျွန်တော့်ချစ်သူတကယ်မုန်းပြီလား~~~
ကျွန်တော် သူ့ကိုလေ သိပ်ချစ်တယ်....
လမင်းရယ် သတိပေးလိုက်ပါအုန်း~~~

'ဝဲ'Where stories live. Discover now