Part 15 ( U & Z )

2.8K 118 4
                                    

အစည်းအဝေးရှိတာကြောင့် ကြွေရုပ်ကိုတောင် ဘာမှသေချာမရှင်းပြလိုက်ရဘဲ နွယ်နဲ့အတူ
ထွက်လာလိုက်တာ။ခုဆိုရင် ကြွေရုပ်တော့ စိတ်မကောင်းဖြစ်နေတော့မှာပဲ။

"ဟုတ်ပြီ အစီအစဉ်အတိုင်းဆက်သွားကြတာပေါ့ ဒီနေ့တော့ ဒီလောက်ပါပဲ နောက်နေ့မှဆက်ပြောကြတာပေါ့"

"ဟုတ်ကဲ့ပါ CEO"

အစည်းအဝေးကို မြန်မြန်ပြီးအောင်လုပ်ကာ အိမ်သို့ပြန်ဖို့လုပ်သော်လည်း နွယ်က သူနဲ့အတူ ညစာစားဖို့ပြောနေတော့ ကျုပ်မှာငြင်းရခက် ဖြစ်နေရတယ်။

"စိုင်းကလည်းညစာလေးအတူတူစားမလို့ကို
ဘာဖြစ်နေတာလဲ ဒါမှမဟုတ် စိုင်းတို့အိမ်မှာ
ညစာလိုက်စားမယ်လေ"

"အင်း..နွယ့်သဘောပါ"

ဘယ်လိုမှငြင်းမရတာကြောင့် နွယ့်ကို အိမ်ကိုသာခေါ်လာလိုက်သည်။

၈နာရီတောင်ထိုးနေပြီကိုစိုင်း ခုထိပြန်မ
ရောက်သေးဘူး။ ဗိုက်ကလဲဆာနေပြီ။ ကိုစိုင်း
ပြန်လာမှအတူတူစားတော့မယ်။အခုတော့
မလာခင်လေးနည်းနည်းလောက် အိပ်ထား
လိုက်အုန်းမယ်။ခေါင်းအုံးနဲ့စောင်ကိုယူကာ
ဆိုဖာပေါ်မှာတင် အိပ်လိုက်သည်။
တစ်ရေးနိုး၍အောက်ထပ်က အသံတွေကြားနေရ
တယ်။ကိုစိုင်းပြန်လာပြီထင်ပါရဲ့။စောင်ကို
ပြန်ခေါက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်
တယ်။ထမင်းစားခန်းထဲရောက်တော့ နွယ်နဲ့
အတူ ထမင်းစားရင်းရီမောနေသော ကိုစိုင်းကိုတွေ့လိုက်ရသည်​။

"ကြွေရုပ်ညစာမစားရသေးရင် တစ်ခါတည်း
ဝင်စားလေ"

ထိုစကားသံက နွယ့်ဆီက။နွယ်ရဲ့အကြည့်တွေက ကျနော့်ကို အထင်သေးနေသလိုပဲ။

"ကြီးမြိုင် ကျနော့်အတွက် ထမင်းလေးခူးပေးပါ
အုန်း"

"ကြီးမြိုင်အိပ်နေပြီ မင်းဘာသာခူးစား"

ကိုစိုင်းရယ်..နွယ်ရှိနေရဲ့သားနဲ့ အဲ့လိုမျိုးတော့မပြောသင့်ဘူး။ကျနော်နာကျင်ရတယ်။နွယ်က
လည်း ကျနော့်ကို လှောင်သလိုမျိုး မဲ့ပြုံးလေးပြုံးပြီး ကြည့်နေတယ်။ကျနော်လည်းနေရာမှထကာ ထမင်းပန်းကန်ယူပြီး ထမင်းခူးလိုက်တယ်။

'ဝဲ'Where stories live. Discover now