Part 7 (U & Z)

2.4K 162 8
                                    

မနက်မိုးလင်းလို့ဖုန်းဖွင့်ကြည့်တာနဲ့
"Morning ကိုယ့်ရဲ့ကလေးလေး"ဆိုတဲ့စာသားလေးက အမြဲတွေ့ရတတ်တယ်။ ဒီနေ့က ပါးပါးနှင့်
ကိုစိုင်းကို မိတ်ဆက်ပေးရမယ့်နေ့လေ။ အဲ့တာကြောင့် ကျနော်ကိုယ်တိုင်မီးဖိုချောင်ထဲ
ဝင်ပြီး လက်စွမ်းပြရမယ်။

မနက်စောစောစီးစီး မီးဖိုချောင်ထဲဝင်ပြီး
ချက်ပြုတ်နေတဲ့သားကို ကြည့်ရင်း ပြုံးနေမိသည်။

"သားအစောကြီးထနေပါလား"

"ဟုတ်တယ် ပါးပါးနဲ့ ကိုစိုင်းကို အစွမ်းပြမလို့"

"ဟုတ်ပါပြီ"

သားလေးက ရီမောနေတော့ အဖေဖြစ်တဲ့
ကျုပ်က စိတ်ချမ်းသာတယ်လေ။

ကြွေရုပ်က သူ့အဖေနဲ့မိတ်ဆက်ပေးမှာ ဖြစ်တဲ့
အတွက် ဒီနေ့တစ်ရက်လုံး ရုံးမတက်တော့ဘူး။ လုပ်စရာရှိတဲ့ အလုပ်တွေကိုလည်းအကုန်နား ထားလိုက်တယ်။ အဲ့တာမှ ဒီနေ့ အေးအေးဆေးဆေးတွေ့ရမှာလေ။ အိမ်ကထွက်ဖို့ပြင်ရုံပဲ ရှိသေး ဖုန်းမြည်
လာခဲ့တယ်။ သူ့ရဲ့ ချိုသာတဲ့ အသံလေးက အရင်ထွက်ပေါ်လာတယ်။

"ကိုစိုင်း လာပြီလား ကျနော်စောင့်နေတယ်" တဲ့ ဒီကောင်လေးက စကားပြောရင် အရမ်း
ယဉ်ကျေးလွန်းတယ်။

အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် ကြွေရုပ်
တစ်ယောက် မီးဖိုချောင်ထဲကနေပြာပြာသလဲနဲ့ ထွက်လာသည်။ ကားပေါ်က ဆင်းလာတဲ့
ကောင်လေးကြောင့် မျက်နှာပေါ်က အပြုံးတွေ ပိုမို တောက်ပလာခဲ့တယ်။

"ကိုစိုင်း အိမ်ပေါ်လာလေ ကျနော် ထမင်းစားဖို့ သွားခူးလိုက်အုန်းမယ်"

"ကိုယ်ရော ကူညီပေးရမလား"

"ဒီလောက်လေးတော့ ကျနော်လုပ်တတ်ပါ
တယ်"

"ဟုတ်ပါပြီ ကြွေရုပ်ရဲ့"

အရှေ့ကထွက်သွားလေသော ကောင်လေးရဲ့
နောက်ကနေ လိုက်ပြီး ဧည့်ခန်းက ဆိုဖာပေါ်မှာ
ထိုင်နေလိုက်တယ်။ ကြွေရုပ်အဖေက ကျနော်တို့ကို တမင်တကာ ရှောင်ပေးနေတာ ထင်ပါရဲ့။ အခုလို မရှိတော့လဲ လွတ်လွတ်လပ်လပ် နေရတာပေါ့။

"ကိုစိုင်းစားလို့ရပြီ"

"အင်း...ကိုယ်လာပြီ"

'ဝဲ'Where stories live. Discover now