Part 20 ( U & Z )

3.1K 106 2
                                    

သူရဲ့သွားသေးသေးလေးတွေကိုပေါ်အောင် ရီ(ရယ်)ပြပြီး သူ့အနားမှာ ဝဲနေတဲ့ ကောင်မလေးတွေနဲ့ စကားပြောနေသည်။ ကောင်မလေးတွေနဲ့
အတူရှိနေရင် ကျုပ်အရမ်း သဝန်တိုတာပဲ။ စကားပြောရင်တောင်မကြိုက်ဘူး။

fan girlလေးတွေနဲ့ စကားပြောပြီး ဓာတ်ပုံရိုက်နေတာကို မနေ့ကတွေ့ခဲ့တဲ့ ဟိုလူကြီးကကားထဲကနေ ကြည့်နေတယ်။ဘာလဲ အဲ့လူကြီးက ကျနော့်ကို
နောက်ယောင်ခံလိုက်နေတာလား?။

"ကျူးလစ် အဆင်သင့်ဖြစ်ရင် ဓာတ်ပုံရိုက်တာ စကြမယ်နော် ကင်မရာမန်း ရောက်နေပြီ"
[ကင်မရာမန်း(cameraman)]

"လာပြီ ကိုထူးအောင်ရေ"

အဲ့အပြုံး! ကိုယ်ကလွဲပြီး တစ်ခြားသူစိမ်းတွေကို မပြုံးပြသင့်ဘူး။

ကားပေါ်ကဆင်းကာ အတွင်းရေးမှူးနှင့်အတူ ဆိုင်ထဲဝင်လာလိုက်သည်။အထဲရောက်တော့
ကျူးလစ်ရဲ့ shooting က စနေပြီ။ ထိုင်ခုံပေါ်
မှာ black coffeeသောက်ရင်း အေးဆေး
ထိုင်ကြည့်နေလိုက်တော့သည်။

"ဟိုဘက်လေးနည်းနည်းလှည့်မယ် ဟုတ်ပြီ
အဲ့အတိုင်းလေး ချပ်! ချပ်! နောက်တစ်ပုံ..."

ကျူးလစ်နှင့် ကြွေရုပ်နဲ့ကြားမှာ မတူညီတဲ့
အချက်တွေရှိတယ်။ကြွေရုပ်က ဓာတ်ပုံရိုက်ရမှာ ရှက်လွန်းတယ်...ကျူးလစ်ကတော့ ဓာတ်ပုံရိုက်တဲ့နေရာမှာ ဆရာကျလွန်းတယ်။ ကြွေရုပ်ကစကား
သိပ် မပြောပေမယ့် ကျူးလစ်ကတော့ သာလိကာလိုပဲ စကားများလွန်းအားကြီးတယ်။

ဓာတ်ပုံရိုက်ပြီးတော့ အဝတ်အစားလဲမယ်
လုပ်တော့ ကော်ဖီသောက်ရင်း ကျနော့်ကိုကြည့်နေတဲ့ ဟိုလူကြီးကိုတွေ့လိုက်ရတယ်။ သူ့ကို
နှောင့် ယှက်မှူနဲ့တရားစွဲလိုက်ရမလား။
ကျနော်လည်း သူရှေ့ကထိုင်ခုံပေါ်မှာထိုင်
လိုက်ပြီး စကားပြောမလို့ကို သူက...

"ကျုပ်က SK Entertainment CEOပါ
ကိုယ်မင်းကိုသတိထားမိနေတာကြာပြီ မင်းရဲ့
လုပ်ပုံကိုင်ပုံတွေကို သဘောကျလို့ ကိုယ့်ရဲ့
ကုမ္ပဏီနဲ့မင်းကို စာချုပ်ချုပ်ချင်လို့ပါ"

"ဗျာ!"

ကျနော်တကယ် ဆွံ့အသွားခဲ့တယ် SK Entertainment က ကျနော်နဲ့စာချုပ်ချင်လို့တဲ့။ အိမ်မက်များမက်နေတာလား?
ကျနော်ကလည်း CEOကို နှောင့်ယှက်တဲ့သူလို့ ထင်ခဲ့မိတယ်။ ကျနော်လည်း ဘာလုပ်ရမလဲမသိတာကြောင့် ကျနော့်ရဲ့မန်နေဂျာကိုထူးအောင် ကိုခေါ်လိုက်တော့ သူက ကျနော့်ကိုခေါင်းငြိမ့်ပြ တယ်။အဲ့တာကြောင့် စာချုပ်မှာလက်မှတ်ထိုးလိုက်သည်။

'ဝဲ'Where stories live. Discover now