Part 18 ( U & Z )

2.9K 121 7
                                    

အိပ်နေရင်း အေးလာတာကြောင့် ကိုစိုင်းရဲ့
ရင်ခွင်ထဲကိုအတင်းတိုးကာ ဖက်ထားလိုက်
သည်။ လေအေးတွေက ပိုမိုတိုက်လာတာ
ကြောင့် မျက်လုံးကိုဖွင့်ကာ ကြည့်လိုက်တော့ ကားပေါ်မှာဖြစ်နေတယ်။ ငါအိပ်နေတာ
ဘယ်လိုလုပ်ကားပေါ်ရောက်နေတာလဲ။

"နိုးလာပြီလား ကလေး"

"ဘယ်လိုလုပ်ပြီး ကားပေါ်ရောက်နေတာလဲ"

"ကလေးအိပ်နေတာ မနိုးချင်လို့ ချီပြီး ကားပေါ်
တင်လာတာ နိုးတောင်မနိုးဘူး အိပ်နေတဲ့ အချိန် တက်လုပ်ရင်တောင်သိမှာမဟုတ်ဘူး"

"ဟာဗျာ..ဘာတွေပြောနေမှန်းမသိဘူး"

နှုတ်ခမ်းလေးဆူကာ ကျုပ်ရင်ခွင်ထဲမှာ
ပြန်အိပ်သွားသော ကောင်လေးရဲ့ ဆံနွယ်တွေကို လက်လေးနှင့်ပွတ်သပ်ပေးလိုက်သည်။ လေစိမ်းတွေကြောင့် ကြွေရုပ်ရဲ့ပါးမို့မို့လေးဟာ ချယ်ရီသီးလေးလို နီရဲရဲလေးဖြစ်နေသည်။ ကြွေရုပ်ရဲ့နဖူးကို နမ်းရှိုက်လိုက်ပြီး ဖက်ထားလိုက်သည်။

"ကလေး..ထတော့ ရောက်နေပြီ"

ကိုစိုင်းနှိုးနေတာကြောင့် ကားပေါ်က
ဆင်းကာ မြက်ခင်းပြင်ပေါ်သို့ ဖိနပ်မပါဘဲ
ခြေချလိုက်သည်။ပန်းပေါင်းစုံရဲ့ ရနံ့ဟာ
မွှေးကြိုင်လို့နေသည်။တိုက်ခတ်လာသော
လေညှင်းတွေ၊ ယိမ်းနွဲ့နေသော ပန်းပေါင်းစုံ၊ မွှေးပျံ့နေသောရနံ့၊ ချစ်မြတ်နိုးစွာကြည့်နေသော
လူတစ်ယောက် ဤအရာတွေဟာ
သက်ဝင်နေသော ပန်းချီကားတစ်ချပ်နဲ့ တူလွန်းလှသည်။

"ဖိနပ်မပါပဲ ဘာလို့ကားပေါ်ကဆင်းသွားတာလဲ ပေး..ခြေထောက်"

"ရတယ် ကျနော့်ဘာသာစီးမယ် ငရဲကြီးနေအုန်းမယ်"

"ကျစ်!"

ကြွေရုပ်ရဲ့ခြေထောက်ကို အမြတ်တနိုးကိုင်ကာ
ဖိနပ်လေးကို ကျုပ်ကိုယ်တိုင်ဝတ်ပေးလိုက်
တယ်။ လေအေးတွေတိုက်နေတာကြောင့်
ပါးမို့မို့လေးက ခုထိနီရဲနေဆဲ။ ကျုပ်လည်း
ကြွေရုပ်ရဲ့ လက်ကိုဆွဲကာ ပြေးလွှားနေတော့သည်။
အခုချိန် ကျုပ်ခေါင်းထဲမှာ ဘာတစ်ခုမှမရှိတော့ဘဲ ကြွေရုပ်ရဲ့ ပြုံးပျော်နေတဲ့ မျက်နှာလေးကို သာ အကြိမ်ကြိမ်အခါခါမြင်နေမိတယ်။

'ဝဲ'Where stories live. Discover now