Part 8 ( U & Z )

2.3K 129 5
                                    


ကျနော်နှင့်ကိုစိုင်းချစ်သူဖြစ်တာ ဒီနေ့နဲ့ဆိုရင် ရက်၂၀၀ပြည့်တဲ့နေ့လေ။ ဆိုင်ကိုအသွားအပြန် ၊အကြိုအပို့ကို ကိုစိုင်းပဲ လုပ်ပေးတယ်။
ကျနော်တို့ရဲ့ဆက်ဆံရေးက အလွန်ကောင်းမွန်
လှသည်။ ဒီနေ့ ကိုစိုင်းမသိအောင် ကိုစိုင်းရဲ့ ရုံးခန်းကိုသွားမယ်။ပြီးရင် ရုံးခန်းမှာ ပန်းထိုးဖို့အတွက် နှင်းဆီနီတစ်စည်း ယူသွားမယ်။

ကျနော်ရုံးထဲဝင်သွားတော့ ဝန်ထမ်းတွေ
​အကုန်လုံးက နှုတ်ဆက်ကြတယ်။ဒီလို
နှုတ်ဆက်တာက ကျနော့်ကို အခက်တွေ့စေ
တယ်။ကျနော်လည်း ဝန်ထမ်းကောင်မလေးကို မေးပြီး ကိုစိုင်းရှိရာ ရုံးခန်းထဲကို ဝင်လာလိုက်
တယ်။

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျနော့်ရင်ဝ ကိုဆောင့်ကန်လိုက်သလိုပဲ။ ကိုစိုင်းရဲ့ပေါင်
ပေါ်မှာ နွယ်ကထိုင်နေတယ်။ ဘာလို့ထိုင်နေရတာလဲ။ကျနော် ချက်ချင်း ရုံးခန်းထဲက
ပြန်ထွက်လာလိုက်တယ်။ ကိုစိုင်းရဲ့ ခေါ်သံကိုပါ မကြားချင်ယောင်ဆောင်လိုက်သည်။

"ကြွေရုပ် ကိုယ့်ကိုစောင့်အုန်းလေ"

ကိုစိုင်းရဲ့အသံကိုထပ်ကြားလိုက်ရတော့
ကျနော့်ခြေလှမ်းတွေ အလိုလိုရပ်တန့်သွားခဲ့
တယ်။ ကျနော့်မှာအသိစိတ်တွေမရှိတဲ့လူတစ်
ယောက်လို ရပ်နေခဲ့မိသည်။ ကျနော့်ရဲ့လက်ကို တစ်ယောက်ယောက်က ကိုင်လိုက်သည်။

"ကြွေရုပ် ကိုရှင်းပြတာ နားထောင်အုန်း၊
ကြွေရုပ် ထင်သလိုမဟုတ်ဘူး"

"ကျနော် ဘာသံမှ မကြားချင်ဘူး ကျနော့်ကို
လွှတ်ပေးပါ....!"

ကြွေရုပ်ရဲ့အသံ ကျယ်လွန်းလို့ ရုံးခန်းထဲက လူတွေက ကျုပ်တို့နှစ်ယောက်ကိုကြည့်နေကြတယ်။ကျုပ်
လည်း ကြွေရုပ်လက်ကိုဆွဲပြီး
ခေါင်မိုးထက်ပေါ် တက်လာခဲ့သည်။ ခေါင်မိုးပေါ်ရောက်တာတောင် ကြွေရုပ်ရဲ့မျက်ရည်တွေက ကျနေဆဲပါ။

"ကိုယ်ပြောပြမယ် ခုနကကြွေရုပ်ထင်သလို
မဟုတ်ဘူး နွယ် နှင့်ကိုယ်က အလုပ်ကိစ္စပြောနေတာ၊ပြီးတော့ နွယ်ကပြန်တော့မယ်ဆိုပြီး ထလိုက်
တာ ချော်လဲပြီးကိုယ့်အပေါ် ပြုတ်ကျတာပါ။"

'ဝဲ'Tempat cerita menjadi hidup. Temukan sekarang