Part 4 (U & Z)

3K 147 4
                                    

အိပ်ယာနိုးနိုးချင်း လေးလံနေသောမျက်လုံးလေးကို အားယူဖွင့်ကာ အိပ်ယာပေါ်ကို
လက်ဖြင့်စမ်းရင်း တစ်ယောက်သောသူကိုရှာဖွေနေမိသည်။ အိပ်ယာထက်တွေမရှိသောကြောင့် အခန်းထဲတွင် ရှာဖွေသော်လည်းမတွေ့ရပေ။

ဒေါက်!ဒေါက်!

"သားနိုးနေပြီလား...ဟိုသားလေးကတော့
အလုပ်ကိစ္စလေးရှိလို့ဆိုပြီး ခုနလေးတင်
ပြန်သွားတာ သားနိုးလာရင် ပြန်သွားပြီလို့ ပြောပေးပါတဲ့ ဒေါ်ကျင့်ကိုမှာသွားတယ်"

"အော်..ဟုတ်လား..သားလည်းခုမှနိုးတာပါ"

"သားစားဖို့ မနက်စာပြင်ထားတယ် ဒေါ်ကျင် wheelchair ယူခဲ့မယ်"

"ဟုတ်ကဲ့"

ပြန်သွားတာတောင် မနှုတ်ဆက်လိုက်ရဘူး
ကိုစိုင်းလည်းအလုပ်ရှူပ်နေလို့ နေမှာပေါ့။ ထင်ထားသလိုဖြစ်မလာတာကြောင့်
အနည်းငယ်တော့စိတ်ပျက်မိသား။
ဒေါ်ကျင်ယူလာတဲ့ wheelchairပေါ်ကိုတက်ပြီး မျက်နှာသစ်ဖို့အတွက် ရေချိုးခန်းထဲသွားရတော့သည်။

"သားရယ် ကြာလိုက်တာ ဒေါ်ကျင်အခုလေး
တင်ပဲ အပေါ်တက်လာတော့မလို့"

"ဒေါ်ကျင်ကလည်း အရမ်းစိတ်ပူတတ်တာပဲ"

"သားကလည်း.."

သေချာပါတယ် ဒေါ်ကျင်စိတ်မကောင်းဖြစ် သွားပြီ။ ကျနော်လည်း စားပွဲပေါ်ကအဆင်သင့်
လုပ်ထားတဲ့ ထမင်းကြော်လေးကို ခတ်စား
လိုက်သည်။ ဒီနေ့ကျမှ ထမင်းကြော်ကလည်းမကောင်းလိုက်တာ။တစ်ယောက်တည်းစားနေရတာကြောင့် အရသာမရှိတာလား မသိ။
တွေးနေတုန်းမှာပဲ ဖုန်းဝင်လာခဲ့တယ်။ 'ဥမ္ပာ'ဆိုတဲ့ ဆိုင်က ညီမလေးဖြစ်နေတယ်။

'ဟယ်လို ညီမ'

'သူဌေး..ဆိုင်ကိုလာပါအုန်း..ဒီမှာလူတွေအများကြီးပဲ သူဌေးကိုတွေ့ချင်လို့တဲ့သူဌေး
မလာမချင်း မပြန်ဘူးတဲ့'

'ဘယ်သူတွေလဲ ညီမ'

'မသိဘူး လူတွေကကြောက်စရာကောင်းတယ်'

'ဟုတ်ပြီ အစ်ကိုလာခဲ့မယ်'

'မြန်မြန်လာ..'

ဖုန်းချပြီးတာနဲ့ စားလက်စ မနက်စာကို ဆက်မစားတော့ပဲ ဦးကောင်းကို လှမ်းခေါ်လိုက်ရ
သည်။ 'ဥမ္ပာ'မှာ အားကိုးတစ်ကြီး ကျနော့်ကို လှမ်းခေါ်ရှာတာ ကျနော်မြန်မြန်သွားမှရမယ်။
ပုံမှန်ဆိုရင် ကျနော့်ကိုတွေ့ချင်တဲ့သူမရှိပါဘူး
ဘယ်သူတွေက တွေ့ချင်နေတာပါလိမ့်။
Wheelchairs နဲ့အိမ်ရှေ့ထိသွားပြီး ဦးကောင်းက ကားပေါ်တင်ပေးတယ်။

'ဝဲ'Where stories live. Discover now