Part 9 ( U & Z )

2.2K 128 1
                                    

ဖတ်လက်စ စာအုပ်လေးကို အိတ်ထဲထည့်ပြီး
ဆိုင်ရှေ့ကနေ ကိုစိုင်းရဲ့ကားကို စောင့်နေမိ
သည်။ အချိန်တောင်၈နာရီထိုးသွားပြီ
လမ်းမှာကားပိတ်နေလို့ကြာနေတာလား။
ခုချိန်ထိ မရောက်လာသေးပါ။ ခြေထောက်ကို လက်လေးနှင့်ထွေးပိုက်ပြီး ဒူးခေါင်းပေါ် မေးစေ့လေးတင်ပြီးထိုင်စောင့်နေလိုက်တယ်။

"ကြွေရုပ်"

နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ထိုင်နေရာကနေ ထပြီး ကားပေါ်တက်လိုက်တယ်။

"စောင့်နေရတာကြာသွားလား လမ်းမှာ နွယ့်ကို အိမ်လိုက်ပို့ပေးနေတာနဲ့ နောက်ကျသွားတာ"

နွယ့်ကိုလိုက်ပို့ပေးနေတာနဲ့ နောက်ကျသွားတာ ဟုတ်လား။စောင့်နေရတာမကြာပါဘူး။ညနေ၆နာရီကတည်းကစောင့်နေတာ ခုဆို၈နာရီကျော်နေပြီ။

"နွယ်တောင် မနက်က ကျနော့်ဆီလာသွားသေး
တယ်"

"ဟုတ်လား ဘာဖြစ်လို့လဲ"

"ဟိုနေ့က ကိစ္စကို လာတောင်းပန်တာ"

ကိုစိုင်းလည်း ဘာစကားမှ ပြန်မပြောတာနဲ့ ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကြည့်နေ
လိုက်တယ်။ တစ်ခါတစ်လေ
လူတစ်ယောက်ကိုချစ်ရတာ အရမ်းပင်ပန်းတာပဲ။ ကျနော်အဲ့နေ့ကစပြီး ကိုစိုင်းအပေါ်
အေးတိအေးစက် ဆက်ဆံလာတယ်။ အရင်လို
မလိုအပ်တဲ့စကားတွေအများကြီးမပြောတော့ဘူး။

"ကိုစိုင်းထက်ဉာဏ်.."

"အော်...ကြွေရုပ်တို့ဆိုင်က ကောင်မလေးပါလား ဘာဖြစ်လို့လဲ"

"ကိုစိုင်းထက်ဉာဏ်ကိုပြောစရာရှိလို့ ဟိုနေ့က
ဆိုင်ကို နွယ်ဆိုတဲ့တစ်ယောက်လာတယ် ပြီးတော့လဲ သူဌေးကို ဒီလိုစကားမျိုးတွေပြောသွားတယ်"

"ဘာစကားလဲ"

"ညီမပြောပြမယ် ......."

ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်တော့
ကိုစိုင်းထက်ဉာဏ်မျက်နှာက တင်းမာသွားခဲ့
တယ်။ ကျမပြောသမျှကို နားထောင်ပြီးသွားတာနဲ့ ဆိုင်ကထွက်ပြီး ကားကိုအသားကုန်
မောင်းသွားတယ်။ ကြည့်ရတာ တော်တော်လေး ဒေါသထွက်သွားပြီထင်ပါရဲ့။

'ဝဲ'Where stories live. Discover now