Part 23 ( U & Z )

2.5K 104 3
                                    

အုတ်ဂူလေးရှေ့မှာ ထီးဆောင်းပြီးမတ်တပ်ရပ် နေသောကောင်လေးနှစ်ယောက်။

မျက်ရည်တွေရွဲအောင် ငိုနေသော ကောင်လေး
တစ်ယောက်နှင့် ထိုကောင်လေးကို အားနာစိတ်နဲ့ ကြည့်နေသော ကောင်လေးတစ်ယောက် ကို Juneလ5ရက်နေ့က တွေ့လိုက်တဲ့ သူရှိပါသလား?။

"မငိုနဲ့တော့လေ မျက်လုံးတွေအစ်နေပြီ"

"ဟင့်...ပါးပါးကို အရမ်းလွမ်းတယ်"

"တိတ်တော့..ဒီနေ့သွားစရာနေရာတွေ အများကြီးရှိတယ်"

ပါးပါးစီလာပြီးပြီဆိုတော့ ဦးကောင်းတို့ဆီ
သွားရမယ်။ ဦးကောင်းနှင့်ဒေါ်ကျင် တို့ဆီက တရားဝင်ခွင့်တောင်းပြီးမှ ကိုစိုင်းနဲ့အတူ ပြန်နေရမယ်။ ဦးကောင်းနှင့်ဒေါ်ကျင်ကပဲ ကျနော့်ကို
စောင့်ရှောက်ပေးခဲ့တာဆိုတော့ သူတို့ရဲ့
ဆုံးဖြတ်မှူကို ကျနော်လေးစားရမယ်လေ။

အိမ်ရှေ့တော့ရောက်နေပေမယ့် ဘာကြောင့်လဲမသိဘူး အိမ်ထဲကိုမဝင်ရဲဘူးဖြစ်နေတယ်။ကျနော့်ရဲ့
တုန်နေသောလက်ကို ကိုစိုင်းရဲ့
ကိုင်ပြီး အိမ်ထဲကိုခေါ်လာသည်။

"ကယ်! သားတို့ရဲ့ဆုံးဖြတ်ချက်က ဒီလိုဆိုတော့ ဦးကောင်းတို့က ဘာပြောရအုန်းမှာလဲ သားတို့ဆန္ဒရှိတဲ့အတိုင်းသာ လုပ်ကြပေါ့ ဦးကောင်းတို့ ဘာမှမနှောက့်ယှက်ပါဘူး"

"ကျွန်တော်တို့ဆုံးဖြတ်ချက်ကို လက်ခံပေးတဲ့
အတွက်ကျေးဇူးပါ ကျွန်တော် ကြွေရုပ်ကို
ဒီထက်မက စောင့်ရှောက်ပါမယ်"

"အေးကွယ်...သားတို့နှစ်ယောက်လဲ
အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ"

ကျနော့်မှာ စိတ်လှုပ်ရှားလွန်းလို့ ဘာမှမပြောရဲတာကို ကိုစိုင်းကတော့ ဦးကောင်းတို့နှင့်
စကားပြောနေတာ မပြီးတော့ဘူး။ ဒေါ်ကျင်က တော့ ကျနော့်လက်ကို ကိုင်ပြီး
ကျန်းမာရေးဂရုစိုက်ဖို့၊ မီးဖိုချောင်ထဲဝင်ရင်
ဂရုစိုက်ဖို့...အစရှိတဲ့ ကိစ္စအဝဝကို မှာကြားလေ
သည်။ ဦးကောင်းနှင့်ဒေါ်ကျင်တို့ကို
ကျနော်တို့နှင့်အတူ လာနေဖို့ပြောပေမယ့် မနေဘူးဆိုပြီး ငြင်းနေတယ်လေ။

'ဝဲ'Where stories live. Discover now