Part 17 ( U & Z )

2.7K 107 3
                                    

မပေးနိုင်တဲ့ကတိကို အတင်းအကျပ်မတောင်းဆို
ချင်ဘူး...။

"ရတယ် ကြီးမြိုင် ကျနော်ဘာသာလုပ်လိုက်
မယ် ပူဖောင်းတွေကိုသာ အလှဆင်ပေးပါ"

ဒီနေ့က ကျနော်ရဲ့အသက်၂၆နှစ်ပြည့်မွေးနေ့လေးပါ။ ၁၆နှစ်မဟုတ်တော့တဲ့ကောင်လေးပါ။၁၆နှစ်မှာ မိသားစုနဲ့အတူ မွေးနေ့ကျင်းပခဲ့ပေမယ့် အသက်၂၆နှစ်မှာတော့ ချစ်ရသူနှင့်အတူ ကျင်းပရတော့မယ်။

ကိုစိုင်းက ချောကလပ်ကြိုက်တာမလို့
ကိတ်ကို ချောကလပ်နှင့်လုပ်ပြီး အပေါ်ကနေ creamအဖြူနဲ့ လိုက်ညှစ်လိုက်တယ်။ creamအဖြူပေါ်ကနေ ချယ်ရီသီးတွေကို အလှဆင်လိုက်သည်။ ကိတ်ရဲ့အလယ်မှာတော့
ကြွေရုပ်လွှာဆိုတဲ့ နာမည်ကိုရေးထိုးပြီး
happy birthday to youဆိုတဲ့စာတန်းလေးကို ကိတ်မုန့်ထဲသို့ စိုက်လိုက်သည်။

"ကိတ်မုန့်တော့ပြီးသွားပြီ ကြီးမြိုင်ရေ "

"ရေသွားချိုးတော့လေ ခနနေရင်သားစိုင်းပြန် လာတော့မှာ ကြီးမြိုင် အမှိုက်တွေသိမ်းထား
လိုက်မယ် အလုပ်သမားမိန်းကလေးကိုတော့ စားပွဲမှာ ပူဖောင်းတွေနဲ့ အလှဆင်ခိုင်းထား
တယ်"

"အဲ့တာကြောင့် ကြီးမြိုင်ကိုချစ်ရတာ"

ကြွေရုပ်အခန်းထဲသို့ဝင်သွားတာနဲ့
ပူဖောင်း အလှဆင်နေတဲ့ ကောင်မလေးဟာ
သူ့ရဲ့ဟန်းဖုန်းကိုဖွက်ပြီး ဖုန်းပြောဖို့
မီးဖိုချောင်ထဲသို့ ခိုးကြောင်ခိုးဝှက်နှင့် ဝင်သွားလေသည်။
"မမလေး ဒီနေ့က ကြွေရုပ်လွှာရဲ့ မွေးနေ့ပါ သခင်ကြီးစိုင်းကတော့ ဒီညအိမ်မှာ မွေးနေ့
လုပ်မယ်ဆိုတာကို သိပုံမပေါ်ဘူး မမလေးပဲ
အချိန်ဆွဲထားလိုက်ပါလား"

"ငါသိပြီ"

"ဟုတ်ကဲ့ မမလေးနွယ်"

မမလေးနွယ်? မမလေးဆိုတဲ့တစ်ယောက်က
နွယ်ဖြစ်နေတာလား?

အစည်းအဝေးပြီးတာကြောင့် အိမ်ပြန်ဖို့ ပြင်နေချိန် ရုံးခန်းထဲကို နွယ်ဝင်လာခဲ့သည်။

"စိုင်း တစ်ခုလောက်ကူညီပါလား"

"ဘာကိုလဲ နွယ်"

"နွယ် ဒီညပါတီတစ်ခု အဖိတ်ခံထားရတယ် ထုတ်လုပ်သူက စိုင်းကိုပါခေါ်လာခဲ့ပါတဲ့
စိုင်းမပါရင် နောက်ကမ်းလှမ်းမယ့် ကြော်ငြာ တစ်ခုကို တစ်ခြားသူလက်ထဲထည့်လိုက်
မယ်တဲ့ အဲ့တာကြောင့် စိုင်းလိုက်ခဲ့ပါလား"

'ဝဲ'Where stories live. Discover now