Part 24 (Final)

5K 152 6
                                    

"မွှေးနေတာပဲ..."

ရေစိုနေသော ကြွေရုပ်ရဲ့ခေါင်းလေးကို ပုဝါနှင့် သုတ်နေရင်း တစ်ချက်နမ်းလိုက်သည်။
မျက်နှာတစ်ခုလုံးနီရဲတွတ်နေပြီး နားရွက်ပါးပါးလေးတွေကပါ ရှက်လို့ နီနေသေးသည်။

"မိုးကလဲမတိတ်သေးဘူး ချမ်းစိမ့်စိမ့်နဲ့"

"ချမ်းနေလို့လား...မိုးမိသွားလို့ ဖျားချင်သလိုလို ဖြစ်နေတာလား ခေါင်းလဲခြောက်ပြီဆိုတော့
ကိုယ့်ရင်ခွင်ထဲမှာပဲဝင်နေတော့..."

​ကျုပ်စကားတောင်မဆုံးသေးဘူး ထိုင်နေရာကနေ ထလာကာ ကျုပ်ရင်ခွင်ထဲတိုးလာပြီး
မျက်လုံးမှိတ်ရင်း အိပ်ဖို့ပြင်နေသည်။ ဘယ်လောက်မှမကြာလိုက်ပါဘူး...
အိပ်ပျော်သွားပြီး ဟောက်သံ ပိစိလေးတွေ ထွက်လို့နေသည်။ ကြွေရုပ်မနိုးအောင် ကျုပ်မှာ ထိုင်နေရင်း ဖြည်းဖြည်းလေးထပြီး ကုတင်ပေါ် ရွေ့ပေးရသည်။ဒါတောင် အိပ်ပုတ်လေးက နိုးမလာဘူး။

ကြွေရုပ်ကိုဖက်ထားရင် ဒီညနေ ကျုပ်
တို့နှစ်ယောက် အိပ်ယာပေါ်မှာပဲ
ကုန်ဆုံးခဲ့တော့သည်။

"မောနင်း...ကိုကို့ရဲ့အိပ်ပုတ်လေး"

"ဟာဗျာ ကျနော်အရင်နိုးတာ ကိုကိုကသာ
အိပ်ပုတ်"

​တွေ့လား...နှုတ်ခမ်းလေးကိုထော်ပြီး ကျုပ်ကို ရန်တွေ့နေတာ။

"သွားဗျာ...ကျနော်ကော်ဖီဖျော်နေတယ်"

အိပ်ယာနိုးလာပြီဆိုတာနဲ့ ကျနော့်ကို လိုက်ရှာပြီး တွေ့တာနဲ့ နောက်ကနေ အတင်းလာ
ဖက်တယ်။ တစ်ခါတစ်လေဆို အသက်ရှုကျပ် လွန်းတဲ့အထိပါဖက်တာ။ ကိုစိုင်း ဖက်ထားတာကနေ အတင်းရုန်းရင်လဲ စိတ်စိုးပါလေရော။

"ကုမ္ပဏီမသွားဘူးလား"

ကျုပ်ရဲ့ကလေးလေးကတော့ ဖျော်ထားတဲ့
ကော်ဖီခွက်လေးကိုယူကာ စားပွဲစီ လျှောက်လာပြီး ကုမ္ပဏီမသွားလို့ ပေါက်ပေါက်ဖောက်ဖို့
ပြင်နေသည်။ ကျုပ်ကလဲ ကလေးက မိုးချုန်းတာကြောက်တယ်ဆိုတာသိပြီးကတည်းက
မိုးတွင်းဘက်ဆို ဘယ်မှမသွားချင်တာ။ကလေး ကြောက်နေတဲ့အချိန် ကလေးကို ကျုပ်ရဲ့ရင်ခွင် ထဲမှာ ထည့်ထားမယ်။

'ဝဲ'Where stories live. Discover now