Part 21 ( U & Z )

3K 101 2
                                    

ကားနောက်ခန်းထဲမှာ ငိုနေတဲ့ကောင်လေးက လွန်ခဲ့တဲ့၄နှစ်ကျော်လောက်က ညဘက်ကြီး Taxiငှားတဲ့ကောင်လေးနဲ့တူတယ်။ သူကြောင့် အဲ့နေ့ညက
မြေးမလေးကို ကြက်ကြော်ဝယ် ကျွေးနိုင်ခဲ့တာ။ ဘာကြောင့်ငိုနေမှန်းမသိတာ ကြောင့် တစ်ရှူးဗူးထဲက တစ်ရှူးရွက်ကိုယူကာ ကားနောက်ခန်းထဲသို့ ကမ်းပေးလိုက်သည်

"ကျေးဇူးပါ အဖိုး"

"ပထမတစ်ခါတွေ့တော့ မျက်နှာလေးက ပြုံးရွှင်နေပြီး အခုတစ်ခါတွေ့တော့ ဘာကြောင့် ငိုနေရတာလဲ "

"ဒီလိုပါပဲအဖိုးရယ် လူ့ဘဝဆိုတာ
ပျော်တစ်လှည့် မပျော်တစ်လှည့်ပေါ့..."

အဖိုးနှင့်စကားပြောပြီးတာနဲ့
ကားပြတင်းပေါက်ထဲကနေ အပြင်ကို
လှမ်းကြည့်လိုက်သည်။ ဘာမှပြောင်းလဲသွားတာ သိပ်မရှိသလိုပဲ။ပြောင်းလဲသွားတာက အခုနေတဲ့
အိမ်ဟာ ပါးပါးနှင့်အတူနေခဲ့တဲ့အိမ် မဟုတ်ဘူး။ အဲ့
အိမ်ထဲမှာ ပါးပါးရဲ့ အငွေ့အသက်တွေ၊ ကျနော်တို့အတူတူရှိခဲ့တုန်းက ပုံရိပ်တွေ၊ ကျနော်မြတ်နိုးရတဲ့အရာတွေ ရှိတယ်။ ကျနော်..ပါးပါးကိုအရမ်းလွမ်းတယ်။ ပါးပါးသာအနားမှာရှိရင် ပါးပါးကို
ဖက်ပြီး ကလေးတစ်ယောက်လိုချွဲချင်သေးတယ်။ သေမင်းကဘာလို့ လူကောင်းတွေကို ကြိုက်ရတာလဲ။

လွယ်အိတ်လေးကိုယူကာ ကားပေါ်ကနေ ဆင်းပြီး အိမ်ထဲကို တစ်လှမ်းချင်းဝင်လာခဲ့လိုက်
သည်။ အိမ်ထဲရောက်တာနဲ့ ဆိုဖာပေါ်မှာထိုင်ပြီး ကျနော့်ကိုစောင့်နေတဲ့ ဒေါ်ကျင်နှင့် ဦးကောင်းကို တွေ့လိုက်ရတယ်။

"မြေးလေး ပြန်ရောက်ပြီလား အဖိုးကစိတ်ပူလို့
စောင့်နေတာ"

"ဦးကောင်း...ဟင့်"

ဒေါ်ကျင်နှင့်ဦးကောင်းကိုမြင်တာနဲ့
မျက်ရည်တွေထိန်းလို့မရအောင် ကျနေခဲ့သည်။

"ကြွေရုပ်...သား..အတိတ်ကိုသတိပြန်ရလာပြီလား"

"ဟုတ်တယ်..ဦးကောင်းတို့သရုပ်ဆောင်တာ
ပီပြင်လွန်းခဲ့တယ်..ကျနော့်လို တစ်ကောင်ကြွက်ကို ခေါ်မွေးထားခဲ့လို့ ကျေးဇူးတင်ပါတယ်"

"သားလေး..အဲ့လိုမပြောရဘူးလေ ဒေါ်ကျင်တို့က သားကို ငယ်ငယ်ကတည်းက ထိန်းလာခဲ့ရတာ"

'ဝဲ'Where stories live. Discover now