(Ep 3)

5.5K 375 6
                                    

(သာယာလှပသော နွေဦးရာသီ)

ပါးပါးရဲ့ ဥယာဉ်စံအိမ်ကို သွားဖို့ အမဂျီနာကို ကျွန်တော်ပြင်ဆင် ခိုင်းလိုက်တယ်။

“သွားပါတော့မယ်”

“ကောင်းကောင်းသွားပါ သခင်လေး”

လှပပြီး အပွင့်အခတ်များပါရှိသော အဖြူရောင် ကော်လံအင်္ကျီအပွတွင် အနီရင့်ရင့်ပိုးသားလက်စီး ပါ၀င်သော အင်္ကျီကို၀တ်ဆင်ထားပြီး နီရင်ရင့်ဘောင်းဘီတိုတိုပွပွလေးကို၀တ်ဆင်တားသည်။

နှင်းဆီရင့်ရောင် ခြုံထည်ကိုလွှမ်းခြုံထားကာ လည်ပင်းအပိတ်တွင် အလွန်လှပပြီး အ‌ရည်အသွေးကောင်းသော ပတ္တမြားဖြင့် ပြုလုပ် ထားသော ရင်ထိုးတစ်ခု တပ်ဆင်ထားသည်။ ဂျီနာသည် နှင်းဆီရင့်ရောင် ဦးထုပ်ဝိုင်းဝိုင်း လေးကို ဆောင်းပေးထား‌သည်။ အဖြူရောင်ခြေအိပ်နှင့်
နီရင့်ရင့် Boot လေးကို ဆင်ပေးထားသည်။

ပန်းသီးဖျော်ရည်များနှင့် အသားညှပ် ပေါင်မုန့်များ ပြည့်နေသည့် ခြင်းတောင်းကို ကိုင်ထားရင်း နှင်းဆီရင့်ရောင်၀တ်ရုံနှင့် ကင်ဂျောင်ဂု ဥယာဉ်တော်ထဲမှ စံအိမ်တော်သို့ သွားရန် နွေဦးကြိုဆိုတေးဆိုပြီး တစ်ရွေ့ရွေ့ လျှောက်လာနေသည်။

“ဆောင်းရာသီ ကုန်ဆုံးသွား......♬♪♪
နွေဦးရာသီ.....ရောက်လာ......♬♪
ပန်းလေးများ.......ပွင့်ဖူးရင်း......♬♪
မွှေးရနံ့များ......သင်းပြန့်‌ခဲ့......♬♪
စိမ်းစိုမျက်ခင်း.......နေချည်နွေး......♬♪
စမ်းချောင်း.......စီးဆင်း.......သာယာဆဲ
ဘယ်ရီသီးများ....…ကြွေကြစေ...... ♬♪
ချိုမြိန်ခြင်းနှင့်......နွေးထွေးမှု....... ♬♪
နွေဦးအစပြု.‌......♬♪”

နောက်ဘက်မှ ဘယ်ကပေါ်လာမှန်းမသိ တဲ့လူတစ်ယောက် ရောက်နေသည်

“ဖတ်!ဖတ်!ဖတ်!”

“ဟင်!”

‌ထင်တဲ့အတိုင်း ပါးပါးပဲ ပါးပါးက
ကျွန်တော့်ကို လက်ခုတ်တီးပေးတာပဲ။

“မင်းကသူမလိုပဲ သီချင်းဆိုတာ
ကောင်းတယ်”

“သူမဆိုတာ ဘယ်သူလဲ”

“မင်းရဲ့အမေ ငါ့ရဲ့အမပေါ့”

“မေမေက ချောလားဟင်?”

My Daddy Is My Husband (Complete)Where stories live. Discover now