(Ep 8)

3K 230 0
                                    

အဖြူရောင် ကွင်းပြင်တစ်ခုထဲတွင် ငွေရောင်ဖျော့ ဆံနွယ်နှင့် လူတစ်ယောက်။

ထိုလူ၏ဝေဝါးနေသော မျက်နှာ။
ပြုံးရွှင်နေသော ထိုလူ။

“သခင်! ကျွန်တော် ပြောတာ နားထောင်နေလား ကျွန်တော့်ရဲ့ သခင်”

တစ်ဖြည်းဖြည်း ထိုလူနှင့်ဝေးသွားသည်။ ပန်းတစ်ပွင့်ကို ကိုင်ထားပြီး ပြုံးပြနေသည့်ထိုလူ။

ဒီလူကဘယ်သူလဲ။ ဒီပန်းက နေ့လည်က ကြာပန်း။ ဘာလို့လဲ။ ‌ဒီပန်းက ပါးပါးစီမှာ ရှိနေရမှာလေ။ ဒီလူထူးဆန်း သူကဘာလဲ။

ရုတ်တစ်ရက် အိမ်မက်ကြောင့် လန့်နိုးလာသည်။ အပြင်ကိုကြည့်တော့ နေထွက်နေပြီ။ ကိုယ့်လက်ကိုယ် ပြန်ကိုင်ကြည့်မိသည်။

“ဒေါက်! ဒေါက်! ဒေါက်!”

အခန်းတံခါးခေါက်ပြီး ဂျောင်ဂုကို လာနှိုးသော ဂျီနာ။

“သခင်လေး နိုးနေပြီလားရှင့်”

“၀င်လာခဲ့ပါ”

“နိုးနေပြီပဲ ကျွန်မ၀င်လာခဲ့ပါ့မယ်”

အဖြူရောင် တဘတ်တစ်ခု၊ မျက်နှာသစ်ရန် ဖန်ရေဖလားထဲသို့ ထည့်ထားသော ရေနွေးနှင့် သွားတိုက်ရန်ပစ္စည်းတချို့ တင်ထားသော အောက်ခံပြားကို ကိုင်ပြီး အခန်းထဲသို့ ဟန်ချက်မပျက် ၀င်လာသည်။

“သခင်လေး လိုအပ်တာတေဒိီမှာပါ”

“ဟုတ်! သွားလို့ရပါပြီ”

‌အဖြူရောင် တဘတ်အား ရေနွေးထဲနှစ် လိုက်ပြီး ရေပြန်ညှစ်လိုက်ကာ မျက်နှာကို သုတ်လိုက်သည်။

အလှကြည့် မှန်ကြီးထဲတွင် ဂျောင်ဂု၏ မျက်နှာအား မြင်နေရသည်။

မှန်ကြီးကို အေး‌စက်စက်အကြည့်ဖြင့် ကြည့်နေသည့် ဂျောင်ဂု။

သူ၏မြစိမ်းရောင်မျက်၀န်းနှင့် ထိုအေး စက်စက် အကြည့်သည် အလွန် ဆွဲဆောင်မှုရှိသည်။ အနက်ရောင် ဆံနွယ်နှင့် သူသည် အရွယ်နှင့်မလိုက်အောင် အလွန် ချောမောသည်။

လုပ်စရာရှိတာလုပ်ပြီး မနက်စာစားဖို့ ထွက်လာလိုက်သည်။ မနက်စာစားနေသော ထယ်ယောင်း ဂျောင်ဂုကိုကြည့်လိုက်မိသည်။

My Daddy Is My Husband (Complete)Where stories live. Discover now