(Ep 14)

2.3K 191 3
                                    

နွေရာသီလို ပူပြင်းတဲ့ရာသီ။ ‌
နွေရာသီက မကောင်းဆိုးဝါး‌တေကို
ဆွဲဆောင်နိုင်တယ်တဲ့။
နွေရာသီက ဘယ်လောက်ပဲ ဆွဲဆောင်နိုင်ပါစေ ဂျောင်ဂု ရဲ့‌ဆွဲဆောင်မှုကို မမှီနိုင်ပါ။

ထယ်ယောင်း အသက် 36 နှစ်
ရှိသွားပေမယ့် အသက် 20 ကျော်
အရွယ်လို နုပြိုနေဆဲ။ (နတ်ဘုရားမ၏ ထာ၀ရနုပြိုခြင်း ကောင်းချီးပေးခံရသူ)

(ကျောင်းဆင်းပွဲနေ့)

4 နှစ်ဆိုတဲ့ အချိန် မြန်မြန်ကုန်ဆုံးသွားတယ်။ ဒီ‌ 4 နှစ်အတွင်း ဂျောင်ဂု အကယ်ဒမီမှာ ကောင်းကောင်း သင်ယူခဲ့ပုံ။ အခုဆိုရင် လူတေကိုတောင် ထိန်းချုပ်နိုင်နေပြီ သို့ပေမယ့် အရင်လို ကလေးဆန်ပြီး သူစိတ်အလိုမကျတော့ရင် မထင်မှတ်ထားတာတေ ပိုလုပ်လာသည်။ အရင်ကထက် ပိုအရပ်ရှည်လာပြီး ယောင်္ကျားဆန်လာသည်။ အကယ်ဒမီက ကောင်မလေးတေရဲ့ သဲသဲလှုပ်ခံရတယ့် ကောင်လေးတစ်ယောက်ပေါ့။

ထယ်ယောင်း ကတော့ ဘာမှမပြောင်းမလဲသွား။ စစ်ပွဲတေ သွားရလိုက် အိမ်တော်ထဲမှာ လုပ်စရာရှိတာတေ လုပ်လိုက်နဲ့ပဲ။

ပြောင်းလဲသွားတာ တစ်ခြားလူတေမဟုတ် မင်ယွန်ဂီ နဲ့ ပက်ခ်ဂျင်မင် တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးသာဖြစ်သည်။
တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်နေတာကို ၀န်မခံကြသေးတဲ့ ဆက်ဆံရေးကြီး ဖြစ်သည်။

တိတ်ဆိတ်နေသော မနက်ခင်းတစ်ခုတွင် ထယ်ယောင်း ထုံးစံအတိုင်း သူ့ရုံးခန်းထဲမှာ စာရွက်စာတန်းနဲ့ စာရင်းဇယားတေကို စီစစ်နေသည်။

ထိုအချိန်.....အစေခံတစ်ယောက်က။

"သခင်ကြီး ဒီနေ့ သခင်လေး ပြန်လာမဲ့နေ့"

"အင်း"

"ဒီနေ့က ကျောင်းဆင်းပွဲ‌နေ့ ဆိုတော့ သခင်လေးကို သွားမကြိုဘူး‌လား"

"‌အယ်! အခု ငါ့အတွက် ရထားလုံး ပြင်ပေးထား ပြီးတော့ ငါ့ကို.......ကျစ်!"

"ဟုတ်ကဲ့ပါ သခင်ကြီး"

"ဥယာဥ်ထဲက အလှဆုံး နှင်းဆီနီတေကို ရွေးပြီး အလှဆုံးပန်းစီးလုပ်နိုင်တဲ့လူကို ဆုချလိုက်"

"ကောင်းပါပြီ သခင်ကြီး"

"ပြိီးတော့ အိမ်တော်တစ်ခုလုံးကို ကောင်းကောင်းပြင်ဆင်ထား"

My Daddy Is My Husband (Complete)Where stories live. Discover now