extra 3

2.5K 125 3
                                    

အပြင်မှာ မိုးတေရွာနေတဲ့ ဒီနေ့........
ဆိုးလိုက်တဲ့နေ့ပါလား ဂျွန်မှော်အကာအကွယ် လုပ်တဲ့နေ့မှာမှ.......

6 နှစ်........

ဒီနှစ်တေအတွင်း အများကြီးဖြစ်ပြတ် သွားခဲ့ပြီ။ ဟန်ဂျင်း ကမြို့စားကြီး ဂျွန်ဆိုဂျွန်း ရဲ့နေရာကိုမဆက်ခံနိုင်ခဲ့ပဲ ဆက်ခံသူက ဂျွန် ဖြစ်လာခဲ့တယ်။

မိန်းက‌‌လေး ဟန်ဂျင်း ကသူ့စွမ်းအင် အစစ်အမှန်ကို ရှာတွေ့ခဲ့ပါတယ်။ အရင်တစ်ခေါက် စစ်ပွဲမှာထဲက သူမကိုမတွေ့တော့တာပါပဲ။

လွန်ခဲ့တဲ့ 5 နှစ်က စစ်ပွဲဖြစ်ခဲ့ပြီး မတည်မငြိမ်ဖြစ်ခဲ့ကြပါသေးတယ်။ ဒီစစ်ပွဲကြောင့် မျိုးဆက်သစ်တေရဲ့ စွမ်းအင်ကိုပြသနိုင်ခဲ့တယ်။ ဂျွန်လီဆိုးနဲ့ ဂျွန်ဟန်ဂျင်း မောင်နှမနှစ်ယောက်နဲ့ ဟိုဆော့ ရဲ့ဓါးအစွမ်းကြောင့် စစ်ပွဲက 6 လလောက်ပဲကြာလိုက်တယ်။

ဂျွန်လီဆိုး ညီမကိုချစ်တဲ့သူက ဟန်ဂျင်း စစ်ပွဲမှာပါဆယ်ဆိုတာနဲ့ ဂျွန့် စီကိုအပြေးအလွှား ရောက်လာပြီး သူ့ညီမကို ရှာတော့တာပဲ။

မောင်နှမနှစ်ယောက် ပေါင်းတဲ့တိုက်ခိုက်မှုနဲ့ ဟိုဆော့ ကြောင့်စစ်ပွဲကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။

စစ်ပွဲပြီးတာနဲ့ ဟိုဆော့ ကနယ်စား မိသားစုကို ဆက်ခံခဲ့ပြီး သူသိပ်ချစ်ရတဲ့ အမျိုးသမီး y/n နဲ့လက်ထပ်ခဲ့တယ်။

ဟန်ဂျင်းကတော့ အောင်မြင်မှုကိုရရှိခဲ့ပြီး လူတိုင်းရဲ့ပါးစပ်ဖြားက နတ်ဘုရားမတစ်ပါးလို ဖြစ်လာခဲ့တယ်။ အနာဂတ်ရဲ့ ဧကရီတစ်ယောက် အနေနဲ့ရော.......။

လီဆိုး ကတော့ ဟန် မျိုးရိုးနာမည်နဲ့ အရှင်သခင်ဟန် ဖြစ်လာပြီး သူ့ညီမကို ကာကွယ်ပေးနေတယ်။

သန့်စင်တဲ့ စွမ်းအင်ကို ပိုင်ဆိုင်တဲ့ ဂျွန်မိသားစု၀င်တေက အပြင်ပိုင်းမှာ နတ်သား/သမီး တေလိုပေမယ့် တစ်ကယ့် မကောင်းဆိုးတေပါပဲ။

ဟန်ဂျင်း နဲ့ ဂျွန် ကတော့ တွေ့တိုင်း ရန်ဖြစ်တတ်ကြပြီး စကားများတတ်စမြဲပါ။ ကလေးဆန်ပြီး မေတ္တာငတ်နေတဲ့ သူမကို ဂျွန် ကနားမလည်ပေးပါဘူးလေ။ အမေဖြစ်သူရဲ့မျက်နှာကို တစ်ခါမှမမြင်ဘူးခဲ့သလို အဖေရဲ့လျစ်လျူရှုမှုကို ခံရတဲ့ကလေးတစ်ယောက် ဖြစ်လို့ သနားဖို့ကောင်းတာတော့အမှန်ပဲ။

My Daddy Is My Husband (Complete)Where stories live. Discover now