(Ep 18)

2.4K 188 4
                                    

(သူဘာဖြစ်ခြင်တာလဲ?)

မနက်ခင်း နေရောင်ခြည်နွေးနွေးလေး‌။
မနက်ခင်း နေရောင်ခြည်နဲ့ လှပသော မြင်ကွင်း။

မျက်လုံးနှစ်လုံးစဖွင့်ပြီး နိုးလာတာနဲ့ မနေ့ညက ရှက်စရာအဖြစ်အပျက်ကြီးကို သတိ‌ရမိနေသည်။

ဂျွန်ဂျောင်ဂု မင်းဘာတေလုပ်ခဲ့တာလဲ။ ပါးပါး စိတ်ဆိုးပြီး ငါ့ကိုစိတ်ဆိုးသွားရင်။
အား! ဘာလုပ်ရပါ့မလဲ။

“သခင်လေး နိုးပြီလားရှင့်”

နိုးတာနဲ့ ဂျီနာ့ အသံကို ကြားရတာမို့။

“၀င်လာခဲ့ပါ”

လို့သာပြန်ပြောမိသည်။
ဂျီနာ ထုံးစံအတိုင်း လှည်းတွန်းပြီး ၀င်လာသည်။ ဒါပေမယ့် ဒီနေ့တော့ ထူးထူးဆန်းဆန်း ဂျောင်ဂု မျက်နှာမကောင်းတာတွေ့တော့။

“သခင်လေး နေရောကောင်းရဲ့လား မျက်နှာမကောင်းပါလား”

”ကျွန်တော် ပါးပါးကို စိတ်ပျက်အောင်လုပ်မိပြီထင်တယ် အမဂျီနာ”

“အိုမို! ကြည့်ရတာ ကျွန်မတို့ သခင်လေး အမှားလုပ်မိခဲ့တာများလား”

“အင်း! အမှားကိုမှ အမှားအကြီးကြီး”

“သခင်‌လေး အမှားလုပ်မိခဲ့ရင်တောင် စိတ်မပူနဲ့ အရှင်က သခင်လေးအပေါ်ဆို အမြဲတမ်း သဘောထားကြီးပါတယ်”

“တကယ်လား”

“အင်းတကယ်ပေါ့ သခင်လေးငယ်ငယ်က အရှင့်ရဲ့ အရေးကြီးတဲ့ စာရွက်စာတန်းတေအပေါ် ပုံတေဆွဲခဲ့တာ သခင်လေး မှတ်မိသေးလောက်မှာပါ”

“မှတ်မိပါတယ်!”

“အဲ့တုန်းကတောင်အရှင် သခင်လေးကို မဆူခဲ့ဘူးလေ အရှင်ကတစ်ခြားအရာတေအပေါ် စိတ်ဆက်ပြီး စိတ်တိုလွယ်ပေမယ့် သခင်လေးကိုဆို အမြဲခွင့်လွှတ်ပေးပါတယ် ပြီးတော့ သခင်လေးငယ်ငယ်က ကင်မိသားစုရဲ့ အဖိုးတန် ရတနာ‌တေနဲ့ ပန်းချီကားချက်‌တေကို ယူဆော့တာတောင် ဘာမှပြောတာမှမဟုတ်တာ”

“အင်း ပါးပါးခွင့်လွှတ်လောက်မှာပါ”

“သေချာပေါက်ပဲပေါ့”

ဂျောင်ဂု ‌မျက်နှာသစ်၊ သွားတိုက် ရေမိုးချိုးပြီး ထမင်းစားခန်းထဲ ၀င်သွားတော့။

My Daddy Is My Husband (Complete)Where stories live. Discover now