(Ep 15)

2.4K 180 2
                                    

ဒီနေ့ဂျွန်အိမ်တော်ကို ပြောင်းရမဲ့နေ့။
ဂျောင်ဂု ထယ်ယောင်း နဲ့မခွဲခြင်။

သို့ပေမယ့် တစ်နေ့ ဂျွန်မိသားစုရဲ့ အရှင်သခင် ဖြစ်လာရင် ပါးပါးနဲ့ လက်ထပ်ပြီး အချိန်ကုန်ဆုံးမယ် ဆိုတဲ့ စိတ်နဲ့ အောင့်အီးသည်းခံကာ စိတ်ထိန်းထားသည်။

လေပြေများ တိုက်ခတ်နေသည်။ အထုပ်တေပြင်ပြီး ရထားလုံးပေါ်တတ်ဖို့လုပ်တဲ့ အချိန်ထိ ပါးပါးနဲ့ ခွဲရတော့မှာလား ဆိုတဲ့စိတ်က လူနဲ့ကပ်ပါနေတယ်။ ခဏတာ‌ဆိုပေမယ့် စိတ်ထဲမှာ လေးလံနေတုန်း။

‌ရထားလုံးပေါ် တပ်ဖို့ခြေအလှမ်းမှာပဲ ရုတ်တစ်ရက်။

“ခဏလေး.......”

ဆိုတဲ့ ဒီဩရှရှအသံလေးကို ‌ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ပါးပါးတဲ့။

ချွေးသံတရွှဲရွှဲနဲ့ ရထားလုံးပေါ် တတ်တော့မယ့် ဂျောင်ဂု ကိုလှမ်းတားလိုက်တဲ့ ထယ်ယောင်း ရဲ့အနေအထားက ဆွဲဆောင်မှုရှိလွန်းသည်။

“ပါးပါး"

“‌‌တောင်းပန်ပါတယ် မနက်ထဲက လုပ်စရာတေပုံနေလို့ အခုမှတွေ့ဖြစ်တာ”

ဟင်! ပါးပါး တောင်းပန်လိုက်တာ‌လား။ အမြဲတမ်း သူမှားရင်တောင် ဘယ်တော့မှ မတောင်းပန်တဲ့ သူကအခုလို အသေးအဖွဲလေးကို တောင်းပန်နေတာလား။

“ပြီးတော့ ဒီနွေရာသီမှာ မနှစ်တုန်းကလို မကောင်းဆိုးဝါးတေပေါ်လာမှာဆိုးလို့ မှော်မျှော်စင်က မှော်‌ဆရာတေ......."

“မဟုတ်တာ ပါးပါး ရယ်
ပါးပါး မအားတာ ကျွန်တော်သိပါတယ်”

“အော်! ငါအခုမင်းကို လာတွေ့တာက
ဒီတိုင်းပေးစရာရှိလို့”

”ဘာပေးမို့လဲ ပါးပါး”

“ဒါလေး......”

ဆိုပြီး လက်ကို ဂျောင်ဂု ရှေ့ဆန့်ထုတ်လိုက်ပြီး လက်ဝါးဖြန့်လိုက်တော့။

သာမာန် မြစိမ်းကျောက်တေလို မဟုတ်ပဲ မြစိမ်းရောင် အလွန်တောက်နေသော ကျောက်တစ်မျိုးနှင့် ပြုလုပ်ထားသည့် လက်စွပ်တစ်ကွင်း။ လက်စွပ်၏ ပုံသဏ္ဌန်မှာ နဂါးတေ၏ နှလုံးသားပုံပင်ဖြစ်သည်။

My Daddy Is My Husband (Complete)Where stories live. Discover now