(Ep 19)

2.7K 203 4
                                    

(ဂျွန်သခင်လေးရဲ့အရွယ်ရောက်ပွဲအခန်းအနား)

“အဆင်သင့်ဖြစ်ပါပြီလား သခင်လေး”

“အင်း အဆင်သင့်ပါပဲ”

ပွဲခန်းမထဲတွင်.........။

မျိုးရိုးမြင့်များ စုရုံးပြီး တီးတိုးပြောဆိုနေကြစဉ်။

“ဒုတိယဂျွန်သခင်လေး ရဲ့အရွယ်ရောက်ပွဲအခန်းအနားက.........”

“ဒုတိယသခင်လေးက ဘယ်လိုပုံဖြစ်လောက်မလဲ”

“ငါကြားတာ သခင်လေးက အရမ်းကြင်နာတတ်တယ်တဲ့”

“ရှင်တို့သိပြီးပြီလား ဒုတိယသခင်လေးမှာ အရမ်းလှတဲ့ မြစိမ်းရောင်တောက် မျက်၀န်းတေရှိပြီး ဂျွန်အကြီးအကဲနဲ့ အရမ်းတူတယ်တဲ့”

“သိပြီးပြီလား ပထမသခင်လေး ပြောက်သွားလို့တဲ့လေ.......”

“အိုမို! ငါလဲအဲ့တာကို ကြားတယ်”

ရုတ်တစ်ရက်........။

“ဂျွန်အကြီးအကဲ နဲ့ ဂျွန်သခင်မလေး ကြွ‌ရောက်ရှိလာပါပြီ........”

ဆိုဂျွန်း နဲ့ ဟန်ဂျင်း လှေကားပေါ်က ဆင်းလာကြပြီး ပွဲခန်းမအလယ်တည့်တည့်သို့ လျှောက်သွားလိုက်သည်။ ဆိုဂျွန်း မျိုးရိုးမြင့်တေကို စူးစူးစိုက်စိုက်ကြည့်နေသည်။

လူတိုင်း၏ မျက်လုံးတေက ဂျောင်ဂု ကိုပဲလိုက်ရှာနေကြသည်။

“အခန်းအနားစပါပြီ........"

လို့ပြောလိုက်တာနဲ့ လူတိုင်းငြိမ်သက်ကုန်ကြသည်။

ကျွီ.........!။

အစောင့်တေ တံခါးမကြီးကို ဆွဲဖွင့်လိုက်တာနဲ့ အနီရောင်ကော်ဇော်ထက်တွင်။

အေးချမ်းပြီး သစ်တောအုပ်ကြီး တစ်ခုလို မြစိမ်းရောင်တောက်ပနေတဲ့ မျက်၀န်းတေ မဲနက်နေတဲ့ ဆံနွယ်တေနဲ့ ဂျွန်ဂျောင်ဂု။

အောက်ခံကို အဖြူရောင် လက်ရှည်အင်္ကျီကို ၀တ်ဆင်ထားသည်။ နက်ကတိုင် အနက်ရောင်ကိုမှ အနီနဲ့အပြာစင်း‌ပါတာ တတ်ထားပြီး ထိုအပေါ်မှ ရွှေနှင့်ပတ္တမြားကို ဂျွန်မိသားစုကိုယ်စားပြု ဖီးနစ်ငှက် ပုံစံရင်ထိုးကို ဆင်ယင်ထားသည်။

My Daddy Is My Husband (Complete)Where stories live. Discover now