(Ep 10)

2.9K 206 5
                                    

(နွေရာသီ ပွဲဝောာ်)

သည်နေ့သည် ခါတိုင်းနေ့တေနဲ့မတူပဲ ဒီနေ့လေဒီငယ်လေးတေ ကင်စံအိမ်တော်ကို လာလည်မဲ့နေ့။

စောစောစီးစီး နန်းတော်မှာ အစည်းအဝေးရှိလို့ မနက်အစောပိုင်းထဲက တော်၀င်နန်းတော်ကို မြင်းတစ်ကောင်နဲ့ ထွက်သွားတဲ့ ထယ်ယောင်း။

ဂျောင်ဂု နိုးတာနဲ့ ထယ်ယောင်း ပြောက်လို့ အသဲအသန် လိုက်ရှာနေ။

“ပါးပါးက ဘယ်ရောက် နေတာလဲ
မဟုတ်မှ ငါ့ကိုထားသွားပြီလား”

ထိုအချိန် ဂျီနာ ရောက်လာပြီး။

“သခင်မလေးရှင့် သခင်ကြီး တော်၀င်နန်းတော်မှာ အစည်းအဝေးရှိလို့ မနက်ထဲက ထွက်သွားတာပါ”

ငါ့ကို ဘာလို့ ပြောမသွားတာတုန်း။ ပါးပါး အရူးကြီး။

“အော်”

အိုက်ဂူး! သခင်မလေး စိတ်ဆိုးသွားပြီ ထင်တယ်။

“သခင်မလေး နေ့လယ်ကြရင် လေဒီငယ်လေးတေနဲ့ လက်ဖက်ရည်ပါတီ ကျင်းပမှာမဟုတ်လား အခုပဲ နေ့လယ်ရောက်ဖို့ အချိန် မစောတော့ပါဘူး”

လေသံကအစ သိသာလိုက်တာ သခင်လေးရယ်။ သခင်လေး ငယ်ငယ်ထဲက ထိန်းလာတော့ သခင်လေးအကြောင်း သိပါ့။

“ဒါဆိုလဲ ပြင်ဆင်ပေးပါဦး”

“ဟုတ်ကဲ့ပါ သခင်မလေး”

မပြောမဆိုနဲ့ ထွက်သွားတဲ့ ထယ်ယောင်း ကြောင့် စိတ်နည်းနည်း ဆိုးနေသော
ဂျောင်ဂု။

တစ်ဖြည်းဖြည်း နေ့လယ် ရောက်လာသည်။ လေဒီများ စားပွဲဝိုင်းတစ်ခု‌ ဘေးတွင် ဝိုင်းပြီးထိုင်နေကြသည်။

လူစုံပြီဆိုတာနှင့်။

ဂျောင်ဂု အပြာနှနှ ကြိုးတစ်ချောင်းတည်း ဂါ၀န်တွင် ပန်းအတွန့်အခတ်နှင့် အဆင်တန်ဆာများဖြင့် အသေးစိတ်ချုပ်ထားသဖြင့် အလွန်လှပသည်။ အလွန်‌ပေါ့ပါးပြီး ဂါ၀န်ကားစေရန် စကပ်များ အထပ်ထပ် ခံ၀တ်စရာ မလိုအပ်ပဲ ဂါ၀န်သည် ကားနေပြီးသားဖြစ်သည့် ထိုဂါ၀န်အပါးလေးသည် နွေရာသီနှင့် ကိုက်ညီပြီး ပွဲလည်တင့်စေသည့် ထိုဂါ၀န်ကို ၀တ်ဆင်ထားသည်။

My Daddy Is My Husband (Complete)Where stories live. Discover now