(Ep 6)

3.3K 285 3
                                    

ခရမ်းရောင်မျက်၀န်းတစ်စုံနဲ့ လူတစ်‌ယောက်။ မဲနက်နေသည့် ဆံနွယ်နှင့်ဒီလူ အဖြူရောင် ကော်လံအင်္ကျီမှာ သွေးစတေပေတူးနေပြီး စူးစူးစိုက်စိုက်ကြည့်နေသည်။

ဒီ‌လူကျွန်တော့်ကို။

"ဟေး! ကောင်လေး မင်း‌ပါးပါးရဲ့
ဒီလိုပုံစံ‌ကို မြင်ဖူးလား"

ဒီလူဘာတေ ပြောနေလဲ ကျွန်တော် နားမလည်။ ပါးပါးနဲ့ တူတဲ့ဒီလူက ပါးပါးလား။

"မင်းကိုယ့်ကိုယ်ကို ပြန်မေးကြည့်လေ မင်းကိုယ်တိုင်လဲ ဖုံးကွယ်ထားတဲ့ မကောင်းဆိုးဝါးလေးပဲ မဟုတ်လား"

အမှောင်ကျပြီး ပြောက်ကွယ်သွားပြီ။

"ကောင်လေး မင်းပါးပါးကို
ဒီလိုပုံစံနဲ့တွေ့ရင် မုန်းသွားမှာပါ
ဟီး!ဟီး!ဟီး!"

အသံတစ်ခုပဲကြားရတော့ပြီး အကုန်လုံး ပြောက်ကွယ်သွားတယ်။

ကျွန်တော်အိပ်ရာက လန့်နိုးလာပြန်တယ်။ ပါးပါးနဲ့တူတဲ့ဒီလူ ပါးပါးရဲ့ ပုံစံအစစ်ပေါ့။ မဖြစ််နိုင်တာ ကျွန်တော့် ပါးပါးက သူ့လိုလူသတ်မှာ မဟုတ်ဘူး။

အပြင်ကိုလှမ်းကြည့်လိုက်တော့ မိုးလင်းနေပြီ။ ပါးပါးပြောတာ ဒီနေ့သင်ခန်းစာတေ စသင်ရမယ်တဲ့။

ဒီဆိုးဆိုးရွားရွား အိမ်မက် ဘာကို ဆိုလိုလဲ ကျွန်တော်မသိ သေးဘူး။

ဂျောင်ဂုနှင့် ဂျီနာ စံအိမ်တော်ထဲ
လမ်းလျှောက် နေရင်း။

"သခင်လေး ဒီမနက် အတန်းချိန်ရှိပါတယ်"

"အတန်းချိန်?"

"ဟုတ်! မနေ့က သခင်လေးနဲ့ မတွေ့ဖြစ်လိုက်တဲ့ ဆရာမင်ယွန်ဂီရဲ့ အတန်းချိန်ပါ"

"ဆရာမင်ယွန်ဂီ?"

"ဟုတ်တယ် ဆရာမင်ယွန်ဂီက သမိုင်းတစ်လျှောက် အတော်ဆုံး ဆရာတေထဲက တစ်‌ယောက်လေ ဆရာမင်ယွန်ဂီက သခင်လေးကို ဘာသာစုံ သင်ကြားပေးပါလိမ့်မယ်"

"ဟုတ်! စာကောင်းကောင်းသင်ပါ့မယ်"

ဂျီနာတစ်ယောက် ဂျောင်ဂုသင်ခန်းစာအတွက် လိုအပ်သည့် ပစ္စည်းများကို လွယ်အိတ်နှင့် ထုတ်ပိုးပြီး ပေးလိုက်ရင်း။

My Daddy Is My Husband (Complete)Where stories live. Discover now