(Ep 27)

1.6K 126 3
                                    

လူစည်ကားသော မျက်နှာဖုံးပွဲတော်။
ပွဲတော်သို့ တတ်ရောက်သူတိုင်း မျက်နှာဖုံးကိုယ်စီ ၀တ်ထားကြသည်။

ကျွန်တော့်ရဲ့ ထယ် ကတော့ ဘီလူးမျက်နှာဖုံးကို၀တ်ထားတယ်။ ဘယ်သူမှသိမှာမဟုတ်ဘူးလေ အဲ့ကြောက်စရာ ဘီလူးမျက်နှာဖုံးအောက်က ချောမောတဲ့ မျက်နှာလေးကို။ ပါးပါးနဲ့ဘီလူးမျက်နှာဖုံးက သိပ်ကိုလိုက်ဖက်တယ်။ ကျွန်တော်ကိုယ်တိုင်ရွေးပေးထားတဲ့ ဒီမျက်နှာဖုံးက ပါးပါးကိုကိုယ်စားပြုတယ်။

ထယ် မျက်နှာဖုံးတပ်ထားတာ ရက်စက်ကြမ်းကြုတ်ပြီး အရမ်းလှတဲ့ ဘီလူးအလှလေး ထယ် ဖြစ်သွားသလိုပဲ။

ထယ်ယောင်း သူ့ဘေးက အူမြူးနေသော ဂျောင်ဂု ကိုကြည့်ပြီး ကြိတ်ရယ်မိသည်။ ဘီလူးမျက်နှာဖုံး တပ်ထားကို သူအရမ်းသဘောကျနေတာတဲ့။ အခုကြတော့လဲ လုံး၀ကို ကလေးလေးလိုပဲ။

‌ဂျောင်ဂု ကသူကိုယ်တိုင်လည်း တစ်ခြားဘီလူးမျက်နှာဖုံးကို တပ်ထားသည်။ မသိရင် ဘီလူးလင်လင်နှစ်ယောက်လို ပူးကပ်နေကြသည်။

“ပါးပါး!”

“...........”

“ပါးပါးရော ကျွန်‌တော်ရော ဘီလူးတေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?”

ဂျောင်ဂု ရဲ့ရင့်ကျက်မှုမရှိသော မေးခွန်းကြောင့် ထယ်ယောင်း မျက်နှာဖုံးအောက်မှ ခိုးပြုံးနေမိသည်။

ဒီကောင်လေး လူသာကြီးလာတယ် ခလေးစိတ်က မပြောက်သေးပါလား။

“ဟက်! အဲ့လိုဆို ငါကမင်းရဲ့ ဘီလူးသတို့သမီးဖြစ်လာပေးမယ်!”

“ဟီး! ဟီး! ဒီတာ၀န်ပြီးလို့ ပြန်ရောက်ရင် ကျွန်တော်ပါးပါးကို လက်ထပ်မယ်!”

“အင်း ငါစောင့်နေမယ်”

-----------------------------
-----------------------------

မှောင်မဲနေတဲ့နေရာမှာ စောင့်မျှော်နေတဲ့ မျက်လုံးတေ။ စင်ပေါ်မှာထိုးထားတဲ့ အဖြူရောင်စလိုက်မီး။

“ကြွရောက်လာကြသော မိတ်ဆွေအပေါင်းတို့ ကျွန်တော်တို့ ‌ဒီလေလံပွဲက‌တော့........”

ဘုန်း! ထစ်!။

စင်ပေါ်ကလူကို ဓားနဲ့‌ပေါက်လိုက်သည့် လူတစ်ယောက်။ စင်ပေါ်မှာ စကားပြောနေရင်းက ခေါင်းပြတ်သွားရတဲ့ လူကြောင့် လေလံပွဲသို့လာသော လူတေကြောက်ရွံ့စွာဖြင့် အော်နေကြသည်။

My Daddy Is My Husband (Complete)Where stories live. Discover now