(Ep 5)

3.6K 276 3
                                    

(ဆိုးရွားသောရင်ဆိုင်မှု)

နေ့လည်ခင်းတစ်ခုတွင် ထယ်ယောင်းတစ်ယောက် သူ၏ရုံးခန်းထဲတွင် အလုပ်လုပ်နေပြီး ဂျောင်ဂုတော့ သူ့ပါးပါး အလုပ်လုပ်တာ စောင့်ရင်း စကားများနေသည်။

“ဂျောင်ဂု မင်းအတွက် မျိုးရိုးမြင့်တွေ လိုအပ်တဲ့ အပြုအမူကောင်းတေနဲ့ အမူအကြင့်တေကို သင်ပေးမယ့် ဆရာမ
ယွန်လီနာနဲ့ မိတ်ဆက်ပေးမယ်”

မျက်လုံးလေး မှိတ်တုတ်မှိတ်တုတ်နဲ့ ပြန်မေး‌မိပြန်တယ်။

“ဆရာမ?”

“အင်း နောက်နေ့ကစပြီး သင်ခန်းစာတေသင်ရလိမ့်မယ်”

“ဟုတ်! ပါးပါး”

ပတ်ခ်ဂျင်မင်း တစ်ယောက် ထယ်ယောင်း၏ ရုံးခန်းထဲသို့ အပြေးအလွှား ရောက်လာသည်။

“မင်းဘာလို့ ဆူညံနေတာလဲ”

မောဟိုက်နေသော ပတ်ခ်ဂျင်မင်း
“ဟောဟဲ ဟောဟဲ” နဲ့ဖြစ်နေသည်။

“နယ်စပ်မှာ မကောင်းဆိုးဝါးတေ ထကြွနေပါပြီ အရှင် နယ်စပ်ကို သွားရောက်ရပါ‌တော့မယ်”

“ဒီည‌နယ်စပ်ကိုသွားမယ် တပ်သားတေနဲ့ မှော်ဆရာတေ ပြင်ဆင်ထားခိုင်းလိုက်”

“ဟုတ်”

ပတ်ခ်ဂျင်မင်း အလျှင်အမြန် ပြေးထွက်သွားသည်။

ပါးပါးနဲ့ ပတ်ခ်ဂျင်မင်း ဘာတေပြောနေမှန်း ဂျောင်ဂု နားမလည်နိုင်။ ထို့ကြောင့် သူ့ပါးပါးကိုမေးခိုက်သည်။

“ပါးပါး ဘယ်ကိုသွားမှာလဲဟင်”

“နယ်စပ်ကို သွားရမှာ”

“နယ်စပ်? နယ်စပ်က ဘယ်နေရာလဲဟင်?”

“နယ်စပ် ဆိုတာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ ရှိတဲ့ ကြားခံ နယ်မြေကို ပြောတာ”

“အော် ပါးပါးကဘာလို့သွားမှာလဲ?”

ဒီကလေး ငါ့ကိုမေးခွန်းထုတ်ဖို့ ‌မွေးလာတာပဲ။ တကယ့် ဟာလေး။ ငါမဖြေပြန်ရင်လည်း ငိုဦးမယ်။

“မကောင်းဆိုးတေ ထကြွနေလို့”

“သားကရောဟင်”

“မင်းက ဒီမှာနေခဲ့ပြီး မင်းသင်ယူရမယ့် သင်ခန်းစာ‌တေ ကောင်းကောင်းသင်ယူပြီး ကောင်းကောင်းစား မင်းကိုစောင့်ရှောက်ဖို့ လူလွှတ်ပေးထားတယ်”

My Daddy Is My Husband (Complete)Where stories live. Discover now