(Ep 26)

1.7K 132 1
                                    

(မြေခွေးမိစ္ဆာနှင့် ထူးဆန်းသောအစေခံနှစ်ဦး)

သီချင်း/သံဇဉ် များနှင့်ဆူညံ‌နေသည့်ည။ မီးရောင်စုံအောက်တွင် မမောမပန်း ဖျော်ဖြေနေကြသည့် ‌‌အပျော်မယ်များ။

ဆူညံနေတဲ့ ဒီလိုညမှာ ရှင်းဟွာ ကိုခိုး၀င်မဲ့ လူနှစ်ယောက်။ သာမာန်ဧည့်သည်များလို ခိုးမ၀င်ကြပဲ အစေခံမိန်းက‌လေးများအဖြစ်‌ ခိုး၀င်ကြသော ဂျောင်ဂု နဲ့ ထယ်ယောင်း။

မသိရင်‌တော့ ချယ်ရီဆောင်ကြာမြိုင်ရဲ့ အစေခံအသစ်လေးတေပေါ့။

ဒီလိုဆူညံနေတဲ့ညမှာ ချယ်ရီဆောင်ကတော့ တိတ်နေသည်။

ခါး‌လယ်‌ လောက်ရှိ၍ မဲနက်နေပြီး ဖြောင့်ဆင်းနေသောဆံနွယ် များသည်အလွန်လှပသည်။ တောက်ပပြီး ‌‌အထက်တန်းဆန်သည့် ခရမ်းရောင်တောက်ပနေသော မျက်ဝံများနဲ့ ရီဝေဝေအကြည့်ပေါင်း‌စပ်လိုက်လျှင် ပန်းချီကားချပ်တစ်ချပ်လိုပင်။ ဖြူဖျော့နေသည့် အသားအရည်နှင့် လေးထောင့်ပုံစံနှုတ်ခမ်းသည် သာမာန်လူတေနဲ့ လိုက်ခြင်မှ‌လိုက်ပေမယ့် သူနဲ့လိုက်ဖတ်ပြီးနူးညံ့သည့်အသွင်ကို ဆောင်သည်။

ချယ်ရီဆောင်၏ အစေခံတေ၀တ်သလို ပန်းနုရောင် ‌ဂါ၀န်လေးနှင့်ထိုမဟာဆန်သူလေးသည် အလွန်လှပလျက်ရှိသည်။

ထယ်ယောင်း သည်မိန်းကလေးများထက် ပို၍လှပသည်။ ဂျောင်ဂု သူ့ဘေးက မြင်သူတိုင်းငေးရမယ့် အလှလေးကို သိပ်တော့စိတ်မချ။

ထယ်ယောင်း သေချာကြည့်မှ ဂျောင်ဂု ကတကယ်ကို.......သူအမေ ကင်ယောင်းဆို လားပဲ?။

မဲနက်ပြီး ဖြောင့်ဆင်းနေသော ဆံနွယ်များသည် အလွန်လှပသည်။ မြစိမ်းရောင် တောက်ပပြီး လှပ‌သောမျက်၀န်း၏ ရွှန်းလဲ့နေသောအကြည့်က တစ်စုံတစ်ယောက်ကို သတိရစေသည်။ ဖြူ၀င်းနေသော အသားအရည်နှင့် ပါးလွှာသော နှုတ်ခမ်းပါးလေးနှင့် ဂျောင်ဂု ကိုကြည့်၍ ယောင်းဆို ကိုသတိရ‌မိစေသည်။

ဂျောင်ဂုမှာ ယောင်းဆို လိုမဲနက်နေတဲ့ ဆံနွယ်တေမရှိပေမယ့် ယောင်းဆို ကိုအပြင်မှာပြန်မြင်နေရသလို ခံစားရသည်။

ထယ်ယောင်း ရဲ့မျက်လုံးတေ ပြူးကျယ်လာပြီး ဂျောင်ဂုကို ယောင်းဆို လို့ထင်မှတ်ရင်း စိတ်နဲ့လူနဲ့မကပ်တော့ပါ။

My Daddy Is My Husband (Complete)Where stories live. Discover now